• Follow Us on

Home ညွန့်ပေါင်းအဖွဲ့က ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းပြန်လည်တင်သွင်းမည်

ညွန့်ပေါင်းအဖွဲ့က ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းပြန်လည်တင်သွင်းမည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

Move Forward ပါတီဦးဆောင်တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ဟာ Move Forward ပါတီခေါင်းဆောင်ပီတာလင်း ဂျားရင်းနတ်ကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းသွားမှာဖြစ်ကြောင်း ညွန့်ပေါင်းပါတီ အားလုံးက အတည်ပြုလိုက်ပါတယ်။

 

ညွန့်ပေါင်းပါတီအသီးသီး အစည်းအဝေးတွေကျင်းပပြီးနောက်မှာ ပီတာက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ကကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ပီတာအနေနဲ့လုံလောက်တဲ့မဲအရေအတွက်မရခဲ့တဲ့အတွက် ဝန်ကြီးချုပ်အဖြစ်အရွေးမခံရတဲ့နောက် အခုအစည်းအဝေးတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ညွန့်ပေါင်းအစည်းအဝေးမှာ ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကွေးက ပီတာကို တစ်ဦးတည်းသောဝန်ကြီး ချုပ်လောင်းအဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်မှာနောက်ပြန်ဆုတ်ခဲ့ရပေမဲ့ ဇူလိုင်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) မှာ ကျင်းပမယ့် ဒုတိယအကြိမ်ဝန်ကြီး ချုပ်ရွေးချယ်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ ပီတာက သံန္နိဋ္ဌာန်ချထားပါတယ်။

 

ညွန့်ပေါင်းပါတီတွေအနေနဲ့ ပီတာကို တစ်ဦးတည်းသောဝန်ကြီးချုပ်လောင်းအဖြစ် ဆက်လက်ထောက်ခံမလား ဆိုတာကို ဆွေးနွေးဖို့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

အစည်းအဝေးတွေထဲကနေထွက်လာတဲ့ ပီတာက ၎င်းအနေနဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ တစ်ဦးတည်းသောဝန်ကြီးချုပ် လောင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အပြင်မှာစောင့်နေတဲ့ မီဒီယာတွေကိုပြောပါတယ်။

 

လွှတ်တော်ထဲမှာ မအောင်မြင်တဲ့အဆိုပြုချက်တစ်ခုကို ထပ်မံတင်သွင်းတာနဲ့ သဘောတူမျှတဲ့အတွက် အခုလို ၎င်းရဲ့အမည်စာရင်းကိုထပ်မံတင်သွင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာကျနိုင်တယ်လို့ တချို့ကစိုးရိမ်ပူပန်နေကြကြောင်း ပီတာက ဝန်ခံပြောကြားပါတယ်။

 

ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ကာကွယ်ထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ Move Forward ပါတီက ဆုံး ဖြတ်ထားတဲ့အတွက် ဇူလိုင်လ ၁၃ ရက်နေ့က လွှတ်တော်နှစ်ရပ်ပူးတွဲရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ် အများအပြားက ပီတာကို မဲမပေးခဲ့ကြပါဘူး။

 

အထက်လွှတ်တော်အမတ်အများအပြားက အဲဒီတော်ဝင်မိသားစုကိုကာကွယ်ထားတဲ့ဥပဒေကို ပြန်လည်ပြင် ဆင်မယ်ဆိုတဲ့ကိစ္စကို နောက်ပြန်ဆုတ်ဖို့ ပီတာကို တိုက်တွန်းခဲ့ကြပါတယ်။

 

ဒုတိယအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပွဲမှာ အထက်လွှတ်တော်အမတ်တွေဆီက မဲတွေရချင်ပေမဲ့လည်း ထိုင်း ဘုရင်နဲ့ တော်ဝင်မိသားစုကို ကာကွယ်ထားတဲ့ ဥပဒေကို ၎င်းကို မဲမပေးဖို့ အကြောင်းပြချက်တစ်ရပ်အဖြစ် အ သုံးချနေကြတာသာဖြစ်တယ်လို့ ပီတာက ပြောပါတယ်။

 

အဲဒီဥပဒေကို ပြင်ဆင်မှာပဲဖြစ်တယ်လို့ ၎င်းအနေနဲ့ ဆက်လက်ပြောဆိုနေရတဲ့အကြောင်းရင်းက ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပြည်သူကိုပေးခဲ့တဲ့ ကတိကို တည်စေချင်တဲ့အတွက်ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဒီဥပဒေသာ မရှိရင် ကျွန်တော့်ကို ကန့်ကွက်မဲ ပေးစရာ တခြားအကြောင်းပြချက်မရှိပါဘူး။” လို့ ပီတာက ပြောပါတယ်။

 

Ref: Coalition reaffirms Pita as sole prime ministerial candidate

 

#PeopleMedia


Share this post