• Follow Us on
Latest News

Home တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ ၂၀၈၅၈၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ ၂၀၈၅၈၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

Share this post

နေပြည်တော်၊ မတ် ၂၀

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၅၈၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၄၅  ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၅၈၀ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၄၅  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post