တက္ကသိုလ်ဝင်ခွင့် ရမှတ်အနည်းအများပေါ် မူတည်၍ လူတွေ့စစ်ဆေးကာ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုခွင့်ပြုမည်

PUBLISHED - March 18, 2022
မြစ်ကြီးနား၊ မတ် ၁၈
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ရမှတ်အနည်း အများအပေါ်မူတည်ပြီး လူတွေ့စစ်ဆေးကာ ဖြေဆိုခွင့်ပြုမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝ ဗေဒ (၆) ဘာသာရမှတ်၏ သတ်မှတ်စုစုပေါင်း ရမှတ်ရရှိသူများအနက်မှ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (၃) ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ လူတွေ့စစ်ဆေးခြင်းစာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြု မည်ဖြစ်ကြောင်း ကျောင်းသား/သူများ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာထားသည်။
ယခုနှစ်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုကြရမည်ဖြစ်ပြီး နိုင်ငံ ခြားစာစစ်ဌာန ၂၀ ခုအပါအဝင် နိုင်ငံတစ်ဝန်းစာစစ်ဌာနပေါင်း ၁၂၅၆ ခုထိ စီစဉ်ဆောင်ရွက်ထားပြီး တက္ကသိုလ် ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေပေါင်း ၃၁၂၁၅၃ ဦးရှိကြောင်း ထုတ်ပြန်ထား ပါတယ်။
ကေကေ
#PeopleMedia
(unicode)
………………………………………
#PeopleMedia