တကၠသိုလ္၀င္တန္းစာေမးပြဲေအာင္စာရင္းမ်ား ၾသဂုတ္လဆန္းပိုင္း၌ ထုတ္ျပန္ႏိုင္ရန္ အေျခခံပညာဦးစီးဌာန စီစဥ္

PUBLISHED - July 9, 2020
ရန္ကုန္၊ ဇူလိုင္ – ၉
တကၠသိုလ္၀င္တန္း စာေမးပြဲေအာင္စာရင္းမ်ား ၾသဂုတ္လဆန္းပိုင္းေလာက္တြင္ ထြက္ႏိုင္ရန္ ေမွ်ာ္မွန္းထား ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။
တကၠသိုလ္၀င္တန္းေအာင္စာရင္းမ်ားထြက္ႏိုင္မည့္ရက္အား ဇူလိုင္ ၉ ရက္ People Media က ဆက္သြယ္ ေမးျမန္းရာတြင္ အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းကေျပာသည္။
“ေလာေလာဆယ္ကေတာ့ အေျဖလႊာစစ္တာေတြ၊ ကုဒ္သိမ္းေနတာေတြကၿပီးေနၿပီ။ အမွတ္စာရင္းေတြလုပ္ ေနၿပီ။ ေအာင္စာရင္းကေတာ့ ထြက္တာ ၾသဂုတ္လဆန္းပိုင္းေလာက္မွာျဖစ္လိမ့္မယ္’’ဟု ၎ကေျပာသည္။
၂၀၂ဝ ျပည့္ႏွစ္ တကၠသိုလ္၀င္တန္းစာေမးပြဲကို မတ္လတြင္က်င္းပခဲ့ၿပီး ေျဖဆိုရန္စာရင္းေပးသြင္းသူ ၉၇၁၂၆၆ ဦး၊ ေျဖဆိုသူ ၉၁၀၁၃၂ ဦး၊ ပ်က္ကြက္သူ ၆၁၁၃၄ ဦးရွိခဲ့ေၾကာင္းသိရသည္။
“စစ္တာက အေျခခံဆရာ၊ ဆရာမေတြ၊ အဆင္ျမင့္စစ္တာေတြၿပီးသြားၿပီ။ ၿပီးသြားေတာ့ တကၠသိုလ္ကပါေမာကၡ ေတြ အေျဖလႊာေတြကို ျပန္စီစစ္တာတို႔လုပ္ေနတယ္’’ဟု အေျဖလႊာစစ္ေဆးမႈအေျခအေနအား အဆင့္ျမင့္ပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္း၀င္းကေျပာသည္။
၂၀၁၉ ခုႏွစ္တကၠသိုလ္၀င္တန္းစာေမးပြဲကို ဇြန္လ ၈ ရက္ေန႔တြင္ထုတ္ျပန္ခဲ့ၿပီး ေျဖဆိုသူ ၈၅၁၅၂၄ ဦး၊ ေအာင္ ျမင္သူ ၂၆၇၆၉၆ ဦးတို႔ျဖစ္ကာ ေအာင္ျမင္သည့္ရာခိုင္ႏႈန္း ၃၁.၄၄ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္အရသိရသည္။
“စစ္ေဆးတာ အဆင့္ျမင့္ပိုင္းကၿပီးတာနဲ႔ ဆရာတို႔က ထုတ္ျပန္ေၾကညာေပးႏိုင္တယ္’’ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီး ဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးၫြန္႔ကေျပာသည္။
#PeopleMedia #ပညာေရး
(unicode)
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ဩဂုတ်လဆန်းပိုင်း၌ ထုတ်ပြန်နိုင်ရန် အခြေခံပညာဦးစီးဌာန စီစဉ်
…………………………………………………
ရန်ကုန်၊ ဇူလိုင် – ၉
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများ ဩဂုတ်လဆန်းပိုင်းလောက်တွင် ထွက်နိုင်ရန် မျှော်မှန်းထား ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများထွက်နိုင်မည့်ရက်အား ဇူလိုင် ၉ ရက် People Media က ဆက်သွယ် မေးမြန်းရာတွင် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။
“လောလောဆယ်ကတော့ အဖြေလွှာစစ်တာတွေ၊ ကုဒ်သိမ်းနေတာတွေကပြီးနေပြီ။ အမှတ်စာရင်းတွေလုပ် နေပြီ။ အောင်စာရင်းကတော့ ထွက်တာ ဩဂုတ်လဆန်းပိုင်းလောက်မှာဖြစ်လိမ့်မယ်’’ဟု ၎င်းကပြောသည်။
၂၀၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လတွင်ကျင်းပခဲ့ပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ ၉၇၁၂၆၆ ဦး၊ ဖြေဆိုသူ ၉၁၀၁၃၂ ဦး၊ ပျက်ကွက်သူ ၆၁၁၃၄ ဦးရှိခဲ့ကြောင်းသိရသည်။
“စစ်တာက အခြေခံဆရာ၊ ဆရာမတွေ၊ အဆင်မြင့်စစ်တာတွေပြီးသွားပြီ။ ပြီးသွားတော့ တက္ကသိုလ်ကပါမောက္ခ တွေ အဖြေလွှာတွေကို ပြန်စီစစ်တာတို့လုပ်နေတယ်’’ဟု အဖြေလွှာစစ်ဆေးမှုအခြေအနေအား အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောသည်။
၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန်လ ၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူ ၈၅၁၅၂၄ ဦး၊ အောင် မြင်သူ ၂၆၇၆၉၆ ဦးတို့ဖြစ်ကာ အောင်မြင်သည့်ရာခိုင်နှုန်း ၃၁.၄၄ ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။
“စစ်ဆေးတာ အဆင့်မြင့်ပိုင်းကပြီးတာနဲ့ ဆရာတို့က ထုတ်ပြန်ကြေညာပေးနိုင်တယ်’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။
#PeopleMedia #ပညာရေး