တကၠသိုလ္၀င္တန္းေက်ာင္းသင္ခန္းစာမ်ားကို Facebook Live ျဖင့္ အခမဲ့စတင္ထုတ္လႊင့္ရန္ ပညာေရး ၀န္ႀကီးဌာန စီစဥ္

PUBLISHED - November 26, 2020
ရန္ကုန္၊ ႏို၀င္ဘာ ၂၆
တကၠသိုလ္၀င္တန္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းသံုးျပ႒ာန္းစာအုပ္မ်ားႏွင့္အညီ Online သင္ခန္းစာမ်ားကို လူမႈကြန္ရက္မွတစ္ဆင့္ တိုက္႐ိုက္ထုတ္လႊတ္ျခင္းစနစ္အေပၚ အေျခခံ၍ အေျခခံပညာ ဦးစီးဌာန သင္႐ိုးၫႊန္းတမ္းမ်ားႏွင့္အညီ MM Classrom မွ အခမဲ့ထုတ္လႊင့္ေပးသြားမည္ျဖစ္ေၾကာင္း ပညာ ေရး၀န္ႀကီးဌာနမွ စီစဥ္လ်က္ရွိဟု ေအာက္တိုဘာ ၂၅ ရက္ေန႔က ထုတ္ျပန္ထားသည္။
အဆိုပါကဲ့သို႔ သင္ၾကားရာတြင္ တကၠသိုလ္၀င္တန္းသင္႐ိုးေဟာင္း Grade-11 ႏွင့္ ဒသမတန္းသင္႐ိုးသစ္ Grade-10 တို႔အတြက္ MM Classroom မွ ဝါရင့္အေတြ႕အႀကံဳရွိ ဆရာမႀကီးမ်ားကိုယ္တိုင္ သင္ၾကားေပး မည္ျဖစ္ၿပီး ယင္းသို႔သင္ၾကားရာတြင္ ဗီဒီယိုသင္ခန္းစာမ်ားျပဳ လုပ္ကာ စာသင္ၾကားသူမ်ား နားလည္လြယ္ ေအာင္ ေဆာင္ရြက္ေပးထားေၾကာင္း အထက္ပါထုတ္ျပန္ခ်က္အရသိရသည္။
လူမႈကြန္ရက္မွတစ္ဆင့္ သင္ၾကားရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ နားလည္လြယ္ေစ သည့္ နည္းပညာမ်ားျဖင့္ ေဆာင္ရြက္ေပးထားၿပီး မိုဘိုင္းဖုန္း၊ တက္ဘလက္၊ ကြန္ပ်ဴတာ၊ လက္ေတာ့ပ္မ်ား ျဖင့္ သင္ယူႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
တကၠသိုလ္၀င္တန္း ေက်ာင္းသင္ခန္းစားမ်ားကို ႏို၀င္ဘာ ၁၆ ရက္ေန႔မွစတင္၍ MM Classroom Face book Live ျဖင့္ စတင္ထုတ္လႊင့္ေနၿပီျဖစ္သည္။
ဗီဒီယိုသင္ခန္းစာမ်ားကို Facebook.com/ mmclassroom တြင္ ၀င္ေရာက္ၾကည့္႐ႈႏိုင္သည္ဟုလည္း ေဖာ္ျပထားသည္။
#PeopleMedia
(unicode)
တက္ကသိုလ်ဝင်တန်းကျောင်းသင်ခန်းစာများကို Facebook Live ဖြင့် အခမဲ့စတင်ထုတ်လွှင့်ရန် ပညာရေး ဝန်ကြီးဌာန စီစဉ်
……………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၂၆
တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့်အညီ Online သင်ခန်းစာများကို လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှတ်ခြင်းစနစ်အပေါ် အခြေခံ၍ အခြေခံပညာ ဦးစီးဌာန သင်ရိုးညွှန်းတမ်းများနှင့်အညီ MM Classrom မှ အခမဲ့ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိဟု အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါကဲ့သို့ သင်ကြားရာတွင် တက္ကသိုလ်ဝင်တန်းသင်ရိုးဟောင်း Grade-11 နှင့် ဒသမတန်းသင်ရိုးသစ် Grade-10 တို့အတွက် MM Classroom မှ ဝါရင့်အတွေ့အကြုံရှိ ဆရာမကြီးများကိုယ်တိုင် သင်ကြားပေး မည်ဖြစ်ပြီး ယင်းသို့သင်ကြားရာတွင် ဗီဒီယိုသင်ခန်းစာများပြု လုပ်ကာ စာသင်ကြားသူများ နားလည်လွယ် အောင် ဆောင်ရွက်ပေးထားကြောင်း အထက်ပါထုတ်ပြန်ချက်အရသိရသည်။
လူမှုကွန်ရက်မှတစ်ဆင့် သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နားလည်လွယ်စေ သည့် နည်းပညာများဖြင့် ဆောင်ရွက်ပေးထားပြီး မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လက်တော့ပ်များ ဖြင့် သင်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစားများကို နိုဝင်ဘာ ၁၆ ရက်နေ့မှစတင်၍ MM Classroom Face book Live ဖြင့် စတင်ထုတ်လွှင့်နေပြီဖြစ်သည်။
ဗီဒီယိုသင်ခန်းစာများကို Facebook.com/ mmclassroom တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်ဟုလည်း ဖော်ပြထားသည်။
#PeopleMedia