• Follow Us on

Home တင့်ကားတွေကာကွယ်ဖို့ တန်ပြန်ဒရုန်းစနစ်တစ်ခုကို ရုရှားနိုင်ငံက ထုတ်ဖော်ပြသ

တင့်ကားတွေကာကွယ်ဖို့ တန်ပြန်ဒရုန်းစနစ်တစ်ခုကို ရုရှားနိုင်ငံက ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

ရုရှားနိုင်ငံက မော်စကိုမြို့အနီးမှာ မကြာခင်ကကျင်းပခဲ့တဲ့ နိုင်ငံတကာစစ်ဘက်ဆိုင်ရာနည်းပညာဖိုရမ်- ၂၀၂၃ မှာ တင့်ကားတွေကိုကာကွယ်ဖို့အတွက် တန်ပြန်ဒရုန်းစနစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

FPV (First-Person-View) ဒရုန်းတွေရန်က တင့်ကားတွေကို ကာကွယ်ပေးဖို့အတွက် ထရီတန်အီလက်ထရော နစ်ကာကွယ်ရေးစနစ်တစ်ခုကို စိန့်ပီတာစဘတ်အခြေစိုက် ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီ PPSH Laboratory က ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ကြောင်း RIA Novosti သတင်းဌာနက ပြောပါတယ်။

 

FPV ဒရုန်းဟာ ထိန်းချုပ်ရေးစခန်းကို ဓာတ်ပုံတွေတိုက်ရိုက်ပြန်ပို့နိုင်တဲ့ကင်မရာတစ်လုံးတပ်ဆင်ထားတဲ့ အဝေး ထိန်းမောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။

 

ဖေါက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားပြီး တိုက်ခိုက်ရေးဒရုန်းအဖြစ်အသွင်ပြောင်းထားတဲ့ အဲဒီဒရုန်းတွေဟာ ပင်မတိုက်ပွဲဝင်တင့်ကားတွေအပါအဝင် သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

 

“FPV ဒရုန်းတွေရဲ့ ထိန်းချုပ်ရေးလမ်းကြောင်းတွေနဲ့ သတင်းအချက်အလက်ပေးပို့တဲ့လမ်းကြောင်းတွေကို နှောင့်ယှက်ဖျက်ဆီးဖို့ တန်ပြန်ဒရုန်းစနစ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။” လို့ ဒရုန်းစနစ်ထုတ် ပြန်ချက်တွေကိုကိုးကားပြီး RIA Novosti သတင်းဌာနက ပြောပါတယ်။

 

တန်ပြန်ဒရုန်းစနစ်ဟာ မဂ္ဂါဟဇ် ၈၆၈၊ ၉၁၅၊ ၁၃၀၀ နဲ့ ၂၄၀၀ စတဲ့ လှိုင်းလေးမျိုးကိုအသုံးပြုပြီး လည်ပတ်လှုပ် ရှားတာဖြစ်ကြေင်း၊ ဒရုန်းစနစ်ကို ဘက်ထရီနဲ့ဖြစ်စေ တင့်ကားမှာရှိတဲ့ onboard network ကဖြစ်စေ အားသွင်း အသုံးပြုနိုင်ကြောင်း RIA Novosti က ပြောပါတယ်။

 

တခြားဒရုန်းတွေလိုပဲ ဒီတန်ပြန်ဒရုန်းကိုလည်း အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်သုံးစွဲနိုင်ပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲမှာ တင့်ကားတွေကိုကာကွယ်ဖို့ အခုလိုဒရုန်းမျိုးတွေ အသုံးမပြုရသေးတဲ့ အပြင် FPV ဒရုန်းတွေ စစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အတွက် ထရီတန်ဒရုန်းတွေကို ရုရှားတပ်မ တော်က အများအပြားမှာယူလာတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားရဲ့စစ်ရေးအားသာမှုကို အားနည်းလျော့ပါးအောင်ဆောင် ရွက်ဖို့အတွက် RPG ဗုံးသီးတွေပတ်လည်တပ်ဆင်ထားတဲ့ မောင်းသူမဲ့ရဟတ် ယာဉ်တွေအပါအဝင် ဒရုန်းအမျိုး အစားအမျိုးမျိုးကို တပ်ဖြန့်ချထားပြီး အသုံးပြုခဲ့ပါတယ်။

 

Ref: Russia Unveils Counter-Drone System for Tank Protection

 

#PeopleMedia


Share this post