တင္းမာမွုမ်ားျဖစ္ပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း အင္ဒိုနီးရွားက ေရတပ္ေလ့က်င့္မွုမ်ား ျပဳလုပ္

PUBLISHED - July 23, 2020
၂၀၂၀၊ ဇူလိုင္၊ ၂၃
အင္ဒိုနီးရွားနိုင္ငံက တ႐ုတ္ႏွင့္ အေမရိကန္နိုင္ငံၾကား တင္းမာမွုမ်ား ျမင့္တက္ခဲ့ရာ အျငင္းပြားေရလမ္း ေၾကာင္းျဖစ္သည့္ ဂ်ာဗားပင္လယ္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ယခုအပတ္အတြင္း အေရးပါေသာ ေရတပ္ ဆိုင္ရာ ေလ့က်င့္မွုတစ္ခု ျပဳလုပ္လ်က္ရွိသည္။
အင္ဒိုနီးရွားေရတပ္၏ အေနာက္ပိုင္းေရယာဥ္စုက ဇူလိုင္လ ၁၈ ရက္တြင္ စတင္ခဲ့ေသာ ေရတပ္ေလ့က်င့္ မွုမ်ား၏ တစ္စိတ္တစ္ေဒသအျဖစ္ ယမန္ေန႔က ဂ်ာဗားပင္လယ္အတြင္း ေလ့က်င့္မွုတစ္ခု လုပ္ေဆာင္ခဲ့ၿပီး လာ မည့္ တနဂၤေႏြေန႔တြင္ ၿပီးဆုံးမည္ဟု ေရတပ္မွ တာဝန္ရွိသူမ်ားက ေျပာသည္။
စစ္ေရးေလ့က်င့္မွုတြင္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ရီေအာကၽြန္းစုေပၚ၌ ဆင္ကက္ကမ္းေျခ၌ျပဳလုပ္ သည့္ ကုန္းေရႏွစ္သြယ္ေလ့က်င့္မွုလည္း ပါဝင္သည္။
ထို့အျပင္ ပင္လယ္ျပင္တိုက္ပြဲဝင္မွုေလ့က်င့္ခန္းကို တပ္ဖြဲ႕ဝင္ ၂၀၀၀၊ စစ္သေဘၤာ ၂၆ စင္း၊ တိုက္ေရယာဥ္ ၁၈ စင္းတို့ ပါဝင္ေလ့က်င့္ခဲ့ေၾကာင္း ေရတပ္ကြပ္ကဲမွုဌာန ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မွူးႀကီး ဖာဂ်ာထရီရို ဟာဒီက ေျပာသည္။
“ဒါေလ့က်င့္မွု အရွုပ္ေထြးဆုံး ေရတပ္ဆိုင္ရာေလ့က်င့္မွုျဖစ္ပါတယ္။ ဘာျဖစ္လို့လဲဆိုေတာ့ ေရတပ္ဖြဲ႕ ေတြ အားလုံးပါဝင္လို့ျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။
“ဒီေလ့က်င့္မွုေတြကို တစ္ကယ့္စစ္ဆင္ေရးေတြဆင္ႏႊဲသလို လုပ္ေဆာင္ခဲ့တာပါ” ဟု ေရယာဥ္စု အႀကီးအ ကဲ ဗိုလ္ခ်ဳပ္ အာမက္ဒီဟာရီပူဝိုနိုက ေျပာၾကားခဲ့သည္။
ကိုးကား။ ။အာအက္ဖ္ေအ
Ref; Indonesian Navy Conducts Major Exercise amid South China Sea Tensions
(Unicode)
တင်းမာမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားက ရေတပ်လေ့ကျင့်မှုများ ပြုလုပ်
…………………………………………
၂၀၂၀၊ ဇူလိုင်၊ ၂၃
အင်ဒိုနီးရှားနိုင်ငံက တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့ရာ အငြင်းပွားရေလမ်း ကြောင်းဖြစ်သည့် ဂျာဗားပင်လယ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ယခုအပတ်အတွင်း အရေးပါသော ရေတပ် ဆိုင်ရာ လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိသည်။
အင်ဒိုနီးရှားရေတပ်၏ အနောက်ပိုင်းရေယာဉ်စုက ဇူလိုင်လ ၁၈ ရက်တွင် စတင်ခဲ့သော ရေတပ်လေ့ကျင့် မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ယမန်နေ့က ဂျာဗားပင်လယ်အတွင်း လေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး လာ မည့် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည်ဟု ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။
စစ်ရေးလေ့ကျင့်မှုတွင် တောင်တရုတ်ပင်လယ်အတွင်း ရီအောကျွန်းစုပေါ်၌ ဆင်ကက်ကမ်းခြေ၌ပြုလုပ် သည့် ကုန်းရေနှစ်သွယ်လေ့ကျင့်မှုလည်း ပါဝင်သည်။
ထို့အပြင် ပင်လယ်ပြင်တိုက်ပွဲဝင်မှုလေ့ကျင့်ခန်းကို တပ်ဖွဲ့ဝင် ၂၀၀၀၊ စစ်သင်္ဘော ၂၆ စင်း၊ တိုက်ရေယာဉ် ၁၈ စင်းတို့ ပါဝင်လေ့ကျင့်ခဲ့ကြောင်း ရေတပ်ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဖာဂျာထရီရို ဟာဒီက ပြောသည်။
“ဒါလေ့ကျင့်မှု အရှုပ်ထွေးဆုံး ရေတပ်ဆိုင်ရာလေ့ကျင့်မှုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေတပ်ဖွဲ့ တွေ အားလုံးပါဝင်လို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီလေ့ကျင့်မှုတွေကို တစ်ကယ့်စစ်ဆင်ရေးတွေဆင်နွှဲသလို လုပ်ဆောင်ခဲ့တာပါ” ဟု ရေယာဉ်စု အကြီးအ ကဲ ဗိုလ်ချုပ် အာမက်ဒီဟာရီပူဝိုနိုက ပြောကြားခဲ့သည်။
ကိုးကား။ ။အာအက်ဖ်အေ
Ref; Indonesian Navy Conducts Major Exercise amid South China Sea Tensions