• Follow Us on

Home တင်းမာမှုတွေလျှော့ချဖို့ “အာရှနည်းလမ်း” ရှိကြောင်း ပရာဘိုဝို ထပ်မံပြောဆို

တင်းမာမှုတွေလျှော့ချဖို့ “အာရှနည်းလမ်း” ရှိကြောင်း ပရာဘိုဝို ထပ်မံပြောဆို

Share this post

နိုင်ငံတကာ၊ မေ ၁၃

 

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အောက်တိုဘာလမှာ သမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်နေတဲ့ ပရာဘိုဝိုဆူဘီယန်တိုဟာ သံတမန်ရေး၊ စေ့စပ်ညှိနှိုင်းရေးနဲ့ အာရှနည်းလမ်းတွေဟာ တင်းမာမှု ကို လျှော့ချရေးအတွက် အထောက်အကူ ဖြစ်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

 

ပရာဘိုဝိုဆူဘီယန်တိုဟာ နိုင်ငံခြားရေးမူဝါဒမှာ ပိုမိုမှန်ကန်ဖြောင့်မတ်တဲ့လမ်းကို လေးလေးနက်နက်ဆောင် ရွက်ဖို့ ရည်မှန်းချက်ချမှတ်ထားပုံရတယ်လို့ ဆိုပါတယ်။

 

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ပရာဘိုဝိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ မကြာခင်ရာထူးကအနားယူ တော့မယ့် သမ္မတဂျိုကိုဝီဒိုဒိုရဲ့ အကြီးဆုံးသား ဒုတိယသမ္မတ ဂစ်ဘရန်းရာကာဘူမီးန်ရာကာကို ပြတ်ပြတ် သားသား အနိုင်ရရှိခဲ့ပါတယ်။

 

အရှေ့တောင်အာရှဟာ စစ်ပွဲတွေ၊ နိုင်ငံခြားကိုလိုနီပြုမှုတွေနဲ့ ပြည်တွင်းရေးမှာ နိုင်ငံခြားတိုင်းပြည်တွေက ဝင် ရောက်စွက်ဖက်တာတွေကို တွေ့ကြုံဖြတ်သန်းလာပြီးဖြစ်ကြောင်း ကာတာသတင်းဌာန အယ်လ်ဂျာဇီးယားနဲ့ အင်တာဗျူးတစ်ခုမှာ ပရာဘိုဝိုက ဖြေကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ အဲဒီပြဿနာတွေကို နိုင်ငံခြားတိုင်းပြည်တွေဝင်ရောက်စွက်ဖက်မှုမပါဘဲ ဆွေးနွေး၊ တွေ့ဆုံပြီး ဖြေရှင်းခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ “အာရှနည်းလမ်း” ဆိုတာဘာလဲလို့ သတင်းထောက်က မေးမြန်းတာကို ပရာဘိုဝိုက အခုလို ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

 

ဒေသတွင်းမှာ သြဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြားက အားပြိုင်မှုနဲ့ပတ်သက် ပြီး မေးမြန်းတဲ့အခါ ” အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နှစ်နိုင်ငံစလုံးကို တကယ့်ကို လက်ကမ်းကြိုဆိုနေကြောင်း” အင် ဒိုနီးရှားအထူးတပ်ဖွဲ့ရဲ့အကြီးအကဲဟောင်း ပရာဘိုဝိုက ပြန်လည်ဖြေကြားပါတယ်။

 

“ကျွန်တော်တို့ကို အတိတ်က ကူညီခဲ့တာတွေအတွက် လေးစားပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အမေရိ ကန်၊ ဂျပန်၊ ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကို ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့ အဲဒီနိုင်ငံတွေနဲ့ မိတ်ဆွေဖြစ် တယ်ဆိုတာ တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံတွေနဲ့ မိတ်ဆွေမဖြစ်နိုင်ဘူးလို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ပရာဘိုဝိုက အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုးရာအစဉ်အလာနဲ့ ဘက်မလိုက်နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့ သမိုင်းကို ကိုးကား ပြောဆိုပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဘက်မလိုက်နိုင်ငံအဖြစ်ရပ်တည်ခဲ့တဲ့ ၎င်းတို့ရဲ့မူဝါဒကို ဆောင်ရွက်သွားဖို့ ဆုံးဖြတ် ထားသလို တရုတ်၊ အမေရိကန်ပြည်ထောင်စု နှစ်နိုင်စလုံးနဲ့လည်း ဆက်ဆံရေးကောင်းမွန်အောင် ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ဒေသတွင်း ဖိုရမ်တစ်ခုမှာ ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။

 

သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ပရာဘိုဝိုဟာ ၎င်းရဲ့ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ဧပြီလအ တွင်းက တရုတ်၊ ဂျပန်၊ မလေးရှားနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

 

ဆိုးရွားလှတဲ့အကျင့်ပျက်ခြစားမှုတွေလိုမျိုး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာမှန်ပေမဲ့ အင်ဒိုနီး ရှားနိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းတဲ့အစိုးရအလွှဲအပြောင်းတွေကို ဆောင်ရွက်လာနိုင်ခဲ့တဲ့အ တွက် ဒီမိုကရေစီနောက်ကြောင်းပြန်ဆုတ်သွားမယ့်ကိစ္စဆိုတာကို အင်တာဗျူးမှာ ပရာဘိုဝိုက ငြင်းဆိုခဲ့ပါ တယ်။

 

လက်နက်ကိုင်ခွဲထွက်ရေးသမားတွေနဲ့ အစိုးရတပ်ဖွဲ့တွေ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားနေတဲ့ ပါပူဝါပြည်နယ် က ခြေအနေတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ အင်ဒိုနီးရှားအမျိုးသားအကျိုးစီးပွားက လမ်းညွှန်ပြသွားမှာဖြစ်တယ် လို့ ၎င်းက ပြောပါတယ်။

 

အဲဒီဒေသမှာ လူတစ်ဦးကို ညှင်းပန်းနှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင် ထွက်ပေါ်လာပြီးနောက် မတ်လအတွင်းက အင်ဒိုနီးရှားစစ်သည်တွေ ဖမ်းဆီးခံခဲ့ရပါတယ်။

 

Ref: Indonesia’s Prabowo reiterates ‘Asian Way’ to defuse tension

 

#PeopleMedia


Share this post