• Follow Us on

Home တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် သတင်း၌ မှားယွင်းမှုတစ်ခုအပေါ် ပြန်တောင်းပန်ဟု NUG ထုတ်ပြန်

တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် သတင်း၌ မှားယွင်းမှုတစ်ခုအပေါ် ပြန်တောင်းပန်ဟု NUG ထုတ်ပြန်

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၇ (People Media)

 

NUG ၏ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်သတင်း၌ မှားယွင်းမှုတစ်ခုအပေါ် ပြန်တောင်းပန်ကြောင်း NUG က ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်ထားသည်။

 

ထိုထုတ်ပြန်ချက်၌ NUG ၏ လှုပ်ရှားဆောင်ရွက်နေမှုများကို ပြည်သူလူထုထံသို့ အချိန်နှင့်တပြေးညီ အစီရင်ခံ တင်ပြနိုင်ရန်အတွက် သတင်းမီဒီယာများ၊ ကမ္ဘာအရပ်ရပ်ရှိ စေတနာ့ဝန်ထမ်းများ၏ လုပ်အားကို အခြေပြု၍ သတင်းစီးဆင်းမှုလမ်းကြောင်းမျိုးစုံကို အသုံးပြုကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ထိုနောက် ယနေ့ နံနက်ပိုင်းက NUG လူမှုကွန်ယက်စာမျက်နှာ၌ တင်ပြခဲ့သည့် တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်သတင်းတွင် မှားယွင်းမှုတစ်ခုဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးအား အနူးအညွတ် တောင်းပန်အပ်ပါသည်။

 

နောက်နောင်တွင် ထိုသို့သော မှားယွင်းမှုမျိုးမပေါ်ပေါက်စေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #NUG

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂၇ (People Media)

 


 


 


 


 

#PeopleMedia #NUG


Share this post