တစ်ပတ်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များမှ တရားမဝင်သစ်တန် (၃၀၀) ကျော် သိမ်း ဆည်းရမိ
PUBLISHED - February 24, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)
ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင် သစ်တန် (၃၀၀) ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့် ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်း လမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက် မှ ၂၀ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၆၅ ဒသမ ၉၇၆၆ တန်၊ သစ်မာ ၃၁ ဒသမ ၉၁၅ တန်၊ အခြားသစ် ၂၃၃ဒသမ ၈၇၈၆ တန် စုစုပေါင်း ၃၃၁ ဒသမ ၇၇၀၂တန်၊ ပြစ်မှုကျူးလွန်သူ ၂၇ ဦး၊ ယာဉ်/ ယန္တရား ၁၄ စီးကို သိမ်းဆည်း၊ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
#PeopleMedia
(unicode)
…………………………………………………………………
#PeopleMedia