• Follow Us on

Home တစ်ရက်လျှင် အနည်းဆုံးလုပ်ခ ကျပ် (၄၈၀၀) သည် အတည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ် ပြန်

တစ်ရက်လျှင် အနည်းဆုံးလုပ်ခ ကျပ် (၄၈၀၀) သည် အတည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ် ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ (People Media)

 

အနည်းဆုံး အခကြေးငွေလုပ်ခ လျှော့ချသတ်မှတ်ခြင်းမရှိဘဲ အလုပ်ချိန် တစ်ရက် (၈) နာရီနှုန်းကို ကျပ် (၄၈၀၀) သာ အတည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့် လူမှုကွန်ယင်များတွင် အနည်းဆုံးအခကြေးငွေကို တစ်ရက်လုပ်ခ ကျပ် (၃၆၀၀) နှုန်းလျှော့ချ သတ်မှတ်ကြောင်း ကောလဟလများ ထုတ်လွှင့်နေခြင်းနှင့် ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။

 

အနည်းဆုံးအခကြေးငွေကို ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ)အရ နှစ်နှစ်လျှင် တစ်ကြိမ် တိုးမြှင့်ပြင်ဆင်ခြင်း၊ ပြန် လည်အတည်ပြုခြင်း၊ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကမ္ဘာကပ်ရောဂါ ဖြစ်ပွားနေခြင်းနှင့် ရောဂါကူးစက်မှု အန္တရာယ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထား၍ ကုန်စည်စီးဆင်မှု ရက်တန့်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်း၊ အင်အားလျှော့ခဲ့ရပြီး အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ခေတ္တခဏဆိုင်းငံ့ထားခြင်းဖြစ်၍ အခြေအနေတည်ငြိမ်သိမ်းပါက အနည်းဆုံးအခကြေး ငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အမျိုး သားကော်မတီအနေဖြင့် ထုတ်ပြန်သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေထက် လျှော့ချသတ်မှတ် လေ့မရှိဘဲ ဆက်လက်အတည်ပြုခြင်း၊ တိုးမြှင့်သတ်မှတ်ခြင်းကိုသာ ဆောင်ရွက်သွားသည့် အစဉ်အလာရှိ ကြောင်း ထုတ်ပြန်ထားသည်။

 

 

သို့ဖြစ်ပါ၍ ဖော်ပြပါအမိန့်ကြော်ငြာစာအရ အနည်းဆုံး အခကြေးငွေနှုန်းထား ကျပ် (၄၈၀၀) သည် အတည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #အလုပ်သမားဝန်ကြီးဌာန #လုပ်ခလစာ

 

(unicode)


………………………………………………………………

 


 


 


 


 


 

 


 



Share this post