• Follow Us on
Latest News

Home တစ္အိမ္ဆင္းတစ္အိမ္တက္ အလွဴခံသည့္ ရဟန္းသာမေဏမ်ားကုိ အေရးယူမည္

တစ္အိမ္ဆင္းတစ္အိမ္တက္ အလွဴခံသည့္ ရဟန္းသာမေဏမ်ားကုိ အေရးယူမည္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၃

ကခ်င္ျပည္နယ္၊ မုိးညွင္းၿမိဳ႕နယ္အတြင္း၌ ေစ်းမ်ား၊ ဘူတာရုံမ်ား၊ ကားဂိတ္မ်ားႏွင့္ ရပ္ကြက္/ေက်းရြာမ်ားတြင္ တည္းခုိၿပီး တစ္အိမ္ဆင္းတစ္အိမ္တက္ အလွဴခံေနၾကေသာ ရဟန္းသာမေဏမ်ားႏွင့္ အရက္ေသစာ၊ မူးယစ္ ေဆးဝါး အသုံးျပဳေသာ ရဟန္းသာမေဏမ်ားကုိ စစ္ေဆးအေရးယူသြာမည္ျဖစ္ေၾကာင္းသိရသည္။

ကခ်င္ျပည္နယ္အတြင္း ထုိကဲ့သုိ႔ ျပဳမူေဆာင္ရြက္ေသာ ရဟန္းသာမေဏမ်ားကုိ အေရးယူစိစစ္ႏုိင္ရန္အတြက္ မုိးညွင္းၿမိဳ႕နယ္၌ သံဃာ့စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ကုိ ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္းသိရသည္။

အလားတူ မုိးညွင္းၿမိဳ႕နယ္အတြင္း၌ အထက္ပါအတုိင္း ျပဳမူေသာ ရဟန္းသာမေဏမ်ားေတြ႕ရွိပါက သက္ဆိုင္ ရာမွ ထုတ္ျပန္ထားသည့္ ဖုန္းနံပါတ္မ်ားအျပင္ ဆရာေတာ္ႀကီးမ်ား၏ ဖုန္းနံပါတ္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ အသီးသီး၏ ဖုန္းနံပါတ္မ်ားထံ ဆက္သြယ္အေၾကာင္းၾကားႏုိင္သည္။

#PeopleMedia

(Unicode)
တစ်အိမ်ဆင်းတစ်အိမ်တက် အလှူခံသည့် ရဟန်းသာမဏေများကို အရေးယူမည်
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၃

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း၌ ဈေးများ၊ ဘူတာရုံများ၊ ကားဂိတ်များနှင့် ရပ်ကွက်/ကျေးရွာများတွင် တည်းခိုပြီး တစ်အိမ်ဆင်းတစ်အိမ်တက် အလှူခံနေကြသော ရဟန်းသာမဏေများနှင့် အရက်သေစာ၊ မူးယစ် ဆေးဝါး အသုံးပြုသော ရဟန်းသာမဏေများကို စစ်ဆေးအရေးယူသွာမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း ထိုကဲ့သို့ ပြုမူဆောင်ရွက်သော ရဟန်းသာမဏေများကို အရေးယူစိစစ်နိုင်ရန်အတွက် မိုးညှင်းမြို့နယ်၌ သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရသည်။

အလားတူ မိုးညှင်းမြို့နယ်အတွင်း၌ အထက်ပါအတိုင်း ပြုမူသော ရဟန်းသာမဏေများတွေ့ရှိပါက သက်ဆိုင် ရာမှ ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များအပြင် ဆရာတော်ကြီးများ၏ ဖုန်းနံပါတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့ အသီးသီး၏ ဖုန်းနံပါတ်များထံ ဆက်သွယ်အကြောင်းကြားနိုင်သည်။

#PeopleMedia


Share this post