တစ်နှစ်တာကာလအတွင်း၌ သံဃာတော် အပါး ၂၀ လုပ်ကြံခံရ၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၇ ပါး ထိ ခိုက်ဒဏ်ရာရရှိခဲ့

PUBLISHED - January 19, 2022
မန္တလေး၊ ဇန်နဝါရီ ၁၉ (People Media)
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း၌ သံဃာ တော် အပါး ၂၀ လုပ်ကြံခံရ၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၇ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လုပ်ကြံခံခဲ့ရသည့် သံဃာတော်အများစုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ သီတင်းသုံးနေသည့် ဆရာ တော်များဖြစ်သလို ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းအတွင်းရှိ ဆရာတော်များ ပါဝင်သည်။
လုပ်ကြံခံရ၍ ပျံလွန်တော်မူသော် ဆရာတော်၊ သံဃာတော်များသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် လက်နက် ကိုင်အဖွဲ့အချို့က ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ကျေးရွာများ၌ သံဃာတော်အချို့သည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် ကျောင်း ကို စွန့်ခွာပြီး အခြားသောနေရာများ၌ ရွှေ့ပြောင်းသီတင်းသုံးမှုများ ပြုလုပ်လျက်ရှိသည်။
#PeopleMedia #သာသနာရေး
(unicode)
……………………………………………………
မန်တလေး၊ ဇနျနဝါရီ ၁၉ (People Media)