• Follow Us on
Latest News

Home တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကိုတိုးချဲ့အဆင့်မြှင့်တင်မည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကိုတိုးချဲ့အဆင့်မြှင့်တင်မည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

တစ်နိုင်ငံလုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့က ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး(ပြင်ဦးလွင်)မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် လိုအပ်သောဆေးနှင့် ဆေး ပစ္စည်းများကို ယခင်ထက် ပိုမိုဝယ်ယူထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး အတွက် ပြည်သူလူထုစိုက်ထုတ် သုံးစွဲငွေ (out of pocket expen-diture) သက်သာနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကိုလည်း စနစ်တကျဖြစ်စေရန် ထိန်းကျောင်း ကြပ်မတ်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ပြော သည်။

 

လိုအပ်သည့်ကျန်းမာရေး လူ့စွမ်းအားအရင်းမြစ်များကို အရှိန်အဟုန်မြှင့်ကာ မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ကြေးများ၊ ဝတ်စုံစရိတ်၊ ပညာရှင်ကြေးများထောက် ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုစနစ်တကျတိုးတက်စေရေး ဆေးနှင့် ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတို့ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး၊ အလေအလွင့်မရှိစေရေး အားလုံးကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post