တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ရက်အတွင်း တစ်ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ
PUBLISHED - October 30, 2024
နေပြည်တော်၊ အောက်တိုဘာ ၃၀
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ရက်အတွင်း တစ်ဘီလီယံကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်း များနှင့် ယာဉ်များ သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေး ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု နိုင်းစတားစက်သုံးဆီဆိုင် အနီး၌ ရပ်တန့်ထားသော ယာဉ်လေးစီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၄၄၄ ပေပါ၊ ဓာတ်ဆီ ၁၄၈ ပေပါနှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် JAC Tractor Head နှစ်စီး၊ Dong Feng Tractor Head နှစ်စီးနှင့် နောက်တွဲ ဆီသယ်ယာဉ် လေးတွဲစုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၈၀၀၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီးကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၆၂၈၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၃၆၂၈၀ ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ၁၆မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ ယာဉ်သုံးစီးပေါ်မှ လုပ်ငန်းသုံး ပစ္စည်း ၂၇ မျိုး၊ လူသုံးကုန်ပစ္စည်းရှစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Corolla Fielder တစ်စီး၊ စက်မှုဇုန်ထုတ် Myanmar Stat-ion Wagon တစ်စီး၊ Mitsubishi Pajero တစ်စီးကိုလည်းကောင်း၊ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ လူသုံးကုန်ပစ္စည်း ကိုးမျိုးနှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsu-bishi Fuso Truck တစ်စီးကိုလည်းကောင်း၊ မြစ်ငယ်တိုးဂိတ်အနီး၌ ယာဉ်တစ်စီးပေါ်မှ လုပ်ငန်းသုံးပစ္စည်းငါးမျိုး နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီးကိုလည်းကောင်း၊ ရန်ကုန် – မန္တလေးလမ်း မိုင်တိုင်အမှတ် (၃၅၂) ၌ ယာဉ်တစ်စီးပေါ်မှ လူသုံးကုန်ပစ္စည်း ခုနစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း ငါးမျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီးကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၇၆၀၈၇၀၀ ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ် အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွား ရောက်မည့် ယာဉ်နှစ်စီးပေါ်မှ လူသုံးကုန်ပစ္စည်း တစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hi-Ace ယာဉ်တစ်စီးနှင့် စက်မှုဇုန် ထုတ် AMA AUNG MYAN ယာဉ်တစ်စီးကို အကောက်ခွန်လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၅၆၇ တန်ကို သစ်တော ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၄၂၀၃၉၃၁၂ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက် လျက်ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး သာကေတဆိပ်ကမ်း၌ ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၁၂၈၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ မွန်ပြည်နယ် သံဖြူဇရပ် – ရေး ကားလမ်းမကြီးပေါ်ရှိ (ပင) စစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ စားသောက်ကုန်ပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်း နှစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၃၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး၊ အောက်တိုဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ မြို့ရှောင်လမ်း ယာဉ်ရပ်နားဝင်းအနီး၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ ဆိုင်ကယ်အပိုပစ္စည်းနှစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Truck တစ်စီးကိုလည်းကောင်း စုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၃၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး၊ အောက်တိုဘာ ၂၉ ရက်တွင် ကျိုင်းတုံမြို့ မြို့ရှောင်လမ်း ကျိုင်းဖောင်းရွာအနီး၌ စုပုံ ထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းသုံးမျိုးကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၇ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၃၈၉၄၅၂၂၉၂ ကျပ်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#PeopleMedia