• Follow Us on
Latest News

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်အတွင်း တရားမဝင်သစ် ၁၄၄ ဒသမ ၇၉၈၅ တန်နှင့် တရားခံ ၂၀ ဦး ဖမ်းဆီးရမိ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်အတွင်း တရားမဝင်သစ် ၁၄၄ ဒသမ ၇၉၈၅ တန်နှင့် တရားခံ ၂၀ ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ တစ်ပတ်အတွင်း တရားမဝင်သစ် ၁၄၄ ဒသမ ၇၉၈၅ တန်နှင့် တရားခံ ၂၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

 

တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System – CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၂၀ ဒသမ ၂၁၉၂ တန်၊ သစ်မာ ၃၃ ဒသမ ၀၈၉၂ တန်၊ အခြား ၉၁ ဒသမ ၄၉၀၁ တန် စုစုပေါင်း ၁၄၄ ဒသမ ၇၉၈၅ တန်၊ ယာဉ်/ ယန္တရား ၁၆ စီးနှင့် တရားခံ ၂၀ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post