• Follow Us on
Latest News

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ ၉၄ဒသမ၅၉ ရာခိုင်နှုန်းရှိ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ ၉၄ဒသမ၅၉ ရာခိုင်နှုန်းရှိ

Share this post

နေပြည်တော်၊ မတ် ၁၈

 

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို မတ်လ ၁၇ ရက် နံနက်ပိုင်းက စတင်ကျင်းပရာ နိုင်ငံခြား စာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦး ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ယခုနှစ်တွင် နိုင်ငံခြား စာစစ်ဌာန ၁၃ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၀၄ ခု စာစစ်ဌာန စုစုပေါင်း ၈၁၇ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၂၀၈၄၃ ဦးရှိပြီး စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၈၈၈၉ ဦး၊ ပျက်ကွက် ၁၁၉၅၄ ဦးရှိကာ ဖြေဆိုသူ ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ဖြေဆိုသည့် ရာခိုင်နှုန်းအများဆုံး တိုင်းနှင့် ပြည်နယ်များမှာ မကွေး ၉၆ ဒသမ ၀၃ရာခိုင်နှုန်း၊ မန္တလေး ၉၆ ဒသမ ၈၅ ရာခိုင်နှုန်း၊ ရှမ်း(တောင်) ၉၇ ဒသမ ၁၀ရာခိုင်နှုန်း၊ ရှမ်း(ရှေ့) ၉၇ ဒသမ ၁၃ရာခိုင်နှုန်း၊ နေပြည်တော် ၉၇ ဒသမ ၁၁ရာခိုင်နှုန်းတို့ ဖြစ်ပြီး၊ ဖြေဆိုမှု အနည်းဆုံးမှာ ရခိုင်ဖြစ်ပြီး ဖြေဆိုသူ ၄၇ ဒသမ ၉၂ရာခိုင် နှုန်းဖြစ်ကြောင်း သိရသည်။

 

Photo-Credit

#PeopleMedia


Share this post