တစ်နိုင်ငံလုံး အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ချက် စီးပွားရေးလုပ်ငန်းကြီးတွေ ကန့်ကွက်
PUBLISHED - December 5, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၅
လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့အလုပ်သမားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ သတ်မှတ်ပေးမယ့် အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း တရားဝင်ကန့်ကွက်လွှာကို ထိုင်းနိုင်ရဲ့ အဓိကစီး ပွားရေးလုပ်ငန်းကြီး သုံးခုက ဒီဇင်ဘာ ၆ ရက်နေ့ (သောကြာနေ့) မှာ အစိုးရကို တရားဝင်တင်ပြသွားမှာဖြစ် ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။
ထိုင်းကုန်သည်ကြီးများအသင်း(TCC ) ၊ ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်များ အသင်း တိ့က ကိုယ်စားလှယ်တွေက ဒီဇင်ဘာ ၄ ရက်နေ့က အခုလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်း အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်မယ့်ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေထံကို အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့သွားဖို့ ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း အစည်း အဝေးအပြီးမှာ အစည်းအဝေးသဘာပတိဖြစ်သူ ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဆာနန်အန်ဂူလ်ဘိုလ် ကူလ်က ပြောပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီ တစ်နိုင်ငံလုံး အနိမ့်ဆုံးလုပ်ခကို ဘတ် ၄၀၀ သတ်မှတ်မှာဖြစ်ကြောင်း ဖီယူထိုင်း အစိုးရက ကြေညာထားပါတယ်။
ဒါပေမဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာနတို့ပါဝင်တဲ့ သုံးပွင့်ဆိုင်ကော်မတီက အနိမ့်ဆုံး လုပ်ခ ဘတ် ၄၀၀ သတ်မှတ်မယ့်ကိစ္စကို သဘောတူညီမှုမရရှိသေးဘူးလို့ဆိုပါတယ်။
ကနဦးက လုပ်ခသတ်မှတ်ရေးကော်မတိဟာ သက်ဆိုင်ရာနယ်မြေတွေရဲ့ စားဝတ်နေရေးကုန်ကျစရိတ်ပေါ်မူ တည်ပြီး ပြည်နယ်အလိုက် လုပ်ခခွဲခြားသတ်မှတ်ဖို့ စီစဉ်ခဲ့ပါတယ်။
တိုတောင်းလှတဲ့ ဆရက်ထာထာဗီဆင်အစိုးရလက်ထက်မှာ ပြည်နယ်တွေမှာရှိတဲ့ စီးပွာေးရးလုပ်ငန်းအမျိုးအ စားနဲ့ လုပ်ငန်းနယ်မြေပေါ်မူတည်ပြီး လက်ခံကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ခံကျင့်သုံးသွားမှာဖြစ် ကြောင်း ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်အစိုးရက စက်တင်ဘာလအတွင်းက ကြေညာခဲ့ပါတယ်။
မူဝါဒကို ကြေညာပြီးဖြစ်ပေမဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်လေ့လာရေးအတွက် အစိုးရကို တောင်းဆိုသွား ဖို့ ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း ဆာနန်က ပြောပါတယ်။
အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်လိုက်တာဟာ လက်ရှိအချိန်မှာ အပြည့်အဝ ပြန်လည်နာလန်မထူနိုင် သေးတဲ့ တိုင်းပြည်စီးပွားရေးပြန်လည်ကောင်းမွန်ဖို့ဆောင်ရွက်နေမှုကို အဟန့်တားဖြစ်စေမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ကို အခြေအနေပေါ်မူတည်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမားဝန်ကြီးဌာ နပါဝင်တဲ့ သုံးပွင့်ဆိုင်ကော်မတီက ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် တစ်ရက်အနိမ့်ဆုံးလုပ်ခကို ဝန်ကြီးချုပ်က သတ်မှတ်ခွင့်မရှိကြောင်းလည်း ပူးတွဲကော်မတီက ပြောပါတယ်။
Ref: Thai business sector protests against 400-baht minimum wage plan
#PeopleMedia