• Follow Us on

Home တစ်နှစ်လူဦးရေ ၂၀၀ တွင် ၁ ဦးသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

တစ်နှစ်လူဦးရေ ၂၀၀ တွင် ၁ ဦးသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

တစ်နှစ် လူဦးရေ ၂၀၀ တွင် ၁ ဦးသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့်သူ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၃ သန်း ရှိကြောင်း၊ သိန်းပေါင်း ၁၃၀ ရှိကြောင်း၊ ထိုအထဲတွင် မိမိတို့အနေနှင့် တစ်နှစ်ကို ခေါ်ယူလေ့ကျင့်ပေးနိုင်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရမည့် လူဦးရေ ငါးသောင်း၊ ခြောက်သောင်းထက် မပိုကြောင်း၊ လူဦးရေ သိန်း ၁၃၀ ဖြစ်သည့်အတွက် ၁ ရာခိုင်နှုန်းဆိုပါက တစ်သိန်းသုံး သောင်းရှိကြောင်း၊ သုည ဒသမ ငါးရာခိုင်နှုန်းခန့်ကိုမူ မိမိတို့ စနစ်တကျခေါ်ယူလေ့ကျင့်သင်ကြားပေးရန် ခက်ခဲကြောင်း၊ ထို့ထက်အောက်ကိုသာ ခေါ်ယူရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

“တစ်နှစ်မှာမှ လူဦးရေ ၂၀၀ မှာ ၁ ယောက်ပဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မိဘပြည်သူများနဲ့ လူငယ်လူရွယ်များနေထိုင်နေတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ အကျုံးဝင်တဲ့ လူဦးရေ ဘယ်လောက်ရှိလဲ တွက်ကြည့်ပါ။ ဒီလူတွေက ဒီနှစ်မှာ ခေါ်ယူလေ့ကျင့်တယ်၊ နောက်တာဝန်ထမ်း ဆောင်တယ်။ နောက် ၂ နှစ် ကြာရင်သူက စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် ခြင်း ကျေပွန်တာဖြစ်ပါတယ်။ ဒါကြောင့် အလှည့်ကျဆောင်ရွက်နေတာဖြစ်တယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

လူနှစ်ရာတွင် တစ်ယောက်တောင်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် နည်းပါကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်း အတွက် လူငယ်များ မည်သည့်အကျိုးကျေးဇူးရလဒ်များ ရမလဲဆိုပါက မိမိနိုင်ငံကိုကာကွယ်ရန် မိမိနိုင်ငံကို ကာကွယ်နိုင်သည့် အသိပညာများ၊ အတတ်ပညာများကို လူငယ်တိုင်း လူငယ်တိုင်း၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း တတ်မြောက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

#PeopleMedia


Share this post