• Follow Us on
Latest News

Home တစ်ဖက်နိုင်ငံမှ ကလေး ၄ ဦး မောင်တောမြို့နယ်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ

တစ်ဖက်နိုင်ငံမှ ကလေး ၄ ဦး မောင်တောမြို့နယ်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာသို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ၄ ဦး အောက်တို ဘာလ ၂၂ ရက်နေ့တွင် ရောက်ရှိလာကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ သတင်းပေးပို့သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးနေကြောင်း သိရသည်။

 

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ၄ ဦးမှာ မာမတ်အိုဝဲစ် (၁၆) နှစ်၊ မဖူရုကျင်နား (၁၄) နှစ်၊ မရူဖာမာ (၁၃)နှစ်နှင့် မဆူဖီရာ (၉)နှစ်တို့ဖြစ်ပြီး ငန်းချောင်းကျေးရွာနေ နူရ်ယူဟောက်၏ သားသမီးများဖြစ် ကြောင်း သိရသည်။

 

ယင်းကလေး ၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆွေမျိုးများနှင့်အတူ သွားရောက်နေထိုင်လျက်ရှိရာမှ နေထိုင် စားသောက်မှု အဆင်မပြေတော့သဖြင့် ရေတွင်းပြင်ကျေးရွာအနီး နယ်စပ်ခြံစည်းရိုးအား ကျော်တက်ဝင် ရောက်ကာ မိဘများရှိရာ ကျေးရွာသို့ ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post