• Follow Us on

Home တစ်ရက်လုပ်ခ ဘတ် ၄၀၀ သတ်မှတ်ပေးဖို့ ဝန်ကြီးချုပ်ဆရက်သာ ကတိပြု

တစ်ရက်လုပ်ခ ဘတ် ၄၀၀ သတ်မှတ်ပေးဖို့ ဝန်ကြီးချုပ်ဆရက်သာ ကတိပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

 

ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခကို တစ်ရက် ဘတ် ၄၀၀ အထိသတ်မှတ်ပေးဖို့ ကတိပြုကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်က အင်္ဂါနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတစ်ခု မှာ ပြောကြားလိုက်ပါတယ်။

 

အနိမ့်ဆုံးလုပ်ခကို သင့်တော်တဲ့နှုန်းထားတစ်ခုသတ်မှတ်ပေးဖို့အတွက် အစိုးရအနေနဲ့ အလုပ်သမား/ အလုပ် ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရမူဝါဒကိုတင်ပြနေတဲ့ လွှတ်တော်အစည်းအဝေး ဒုတိယ မြောက်ရက်မှာ ဆရက်သာက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အလုပ်လက်မဲ့ရာခိုင်နှုန်း ၁% ထက်လျော့နည်းတဲ့နှုန်းထားမှာသာရှိတဲ့အတွက် ကံကောင်းတဲ့ နိုင်ငံဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေးနဲ့အတူ ထိုင်းအစိုးရဟာ လူ့အခွင့်အရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေလို အလုပ်သ မားပြဿနာတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဝန်ကြီး ချုပ်ဆရက်သာက ပြောပါတယ်။

 

အလုပ်ရှင်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အကျိုးကျေးဇူးအမြင့်ဆုံးရရှိစေရေးအတွက် သေချာအောင် ဆောင်ရွက်ဖို့ အစိုးရရဲ့ နေ့ချင်းပြီးဝန်ဆောင်မှုလုပ်ငန်း (one-stop service) ကိုလည်း ထောက်ပံ့သွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

“ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းဝင်ငွေရှာဖွေရေးတို့လို ကာလတို စီးပွာရေးအားပေးလှုံ့ဆော်မှုတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အတိုက်အခံပါတီတွေဖြစ်တဲ့ Move Forward ပါတီနဲ့ Democrat ပါတီတွေရဲ့ အစိုးရမူဝါဒနဲ့ပတ်သက်ပြီး စိုးရိမ် မိကြောင်းပြောဆိုချက်တွေအပေါ် ဆရက်သာက ပြန်လည်တုံ့ပြန်ပြောကြားရာမှာ “၎င်းအနေနဲ့ ပြည်သူတွေခံ စားနေရတဲ့ ဘေးဒုက္ခဝေဒနာတွေကို လျစ်လျူမရှုနိုင်ကြောင်း၊ ပြည်သူ့အသံကိုကြားရဖို့အတွက် လုပ်ငန်းနယ် ပယ်အများအပြားကို ဆန်းစစ်လေ့လာခဲ့ပြီးဖြစ်ကြောင်း” ပြောပါတယ်။

 

မော်တော်ဆိုင်ကယ်တက္ကစီများ၊ မော်တော်ဆိုင်ကယ်တက္ကစီဒရိုင်ဘာများ၊ ခေတ်မမီတော့တဲ့ အလုပ်သမား ဥပဒေတွေနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ ဆက်နွယ်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် အလုပ်သမားဝန်ကြီး ဖိပတ်ရတ်ချာကစ်ပရာကန်းကို ခန့်အပ်ပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဆိုင်ကယ်တက္ကစီစီးနင်းသူတွေနဲ့ ဆိုင်ကယ်တက္ကစီမောင်းနှင်သူတွေကြားမှာ မျှတတဲ့ဝန်ဆောင်မှုအခကြေးငွေ ရရှိအောင် အစိုးရက လမ်းညွန်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Srettha vows to increase minimum daily wage to 400 baht as soon as possible

 

#PeopleMedia


Share this post