တစ်လကို တင့်ကား ၁၀၀ ထုတ်လုပ်နိုင်တဲ့အတွက် စစ်ပွဲအတွင်းဆုံးရှုံးမှုတွေကို ရုရှားနိုင်ငံက ပြန်လည်ဖြည့် တင်းနိုင်စွမ်းရှိ
PUBLISHED - February 1, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁
ရုရှားနိုင်ငံဟာ တစ်လကို ပင်မတိုက်ပွဲဝင်တင့်ကား အစီး ၁၀၀ ထုတ်လုပ်နိုင်တဲ့အတွက် ယူကရိန်းစစ်ပွဲအတွင်း ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်လှမ်းရေးအ ဖွဲ့က မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ရုရှားတပ်တွေ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ထိုးစစ်တစ်ခုကနေ ပြန်လည်ဆုတ်ခွာတဲ့အချိန် ၂၀၂၃ ခုနှစ် အောက် တိုဘာလကတည်းက ရုရှားတင့်ကားဆုံးရှုံးမှုတွေ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာကို X လူမှုကွန်ရက်မှာ တင်ထားပါတယ်။
ရုရှားမြေပြင်တပ်တွေအနေနဲ့ ပင်မတိုက်ပွဲဝင်တင့်ကား ၃၆၅ စီးနဲ့ သံချပ်ကာတိုက်ခိုက်ရေးယာဉ် အစီး ၇၀၀ ဆုံးရှုံးခဲ့ပေ မဲ့ နယ်မြေအနည်းငယ်ကိုသာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်နိုင်မှုစွမ်းရည်ဟာ မြင့်မားတဲ့အတွက် ရုရှားတပ်တွေဟာ မကြာ ခင်အနာဂတ်ကာလအတွင်း ယူကရိန်းနိုင်ငံထဲမှာ အဆင့်မြင့်ထိုးစစ်ကြီးတစ်ခုကို ဆက်လက်ဆောင်ရွက်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာစီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ကြားထဲက ရုရှားအစိုးရက အခုလို စစ်လက်နက် ပစ္စည်းတွေကို ဘယ်လိုတိုးမြှင့်ထုတ်လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာကို ဗြိတိန်ထောက်လှမ်းရေးအဖွဲ့က အသေး စိတ်ဖော်ပြထားခြင်းမရှိပါဘူး။
ရုရှားနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်အထိ ပင်မတိုက်ပွဲဝင်တင့် ကား ၂၄၇၅ စီး ဆုံးရှုံးခဲ့ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့က အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီဆုံးရှုံးမှုပမာဏဟာ စစ်မဖြစ်ခင် ရုရှားနိုင်ငံမှာရှိတဲ့ တင့်ကားအရေအတွက်ရဲ့ ၁၅ ရာခိုင်နှုန်းဝန်းကျင် ဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ရုရှားဘက်က ပင်မတိုက်ပွဲဝင်တင့်ကားဆုံးရှုံးမှုဟာ အနည်းငယ်သာ တိုး လာပြီး ဆုံးရှုံးမှုအစီးရေ ၂၆၀၀ ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအရေအတွက်ကို ဆန်းစစ်ကြည့်ရင် ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၁၀ ပတ် (နှစ်လခွဲ) အတွင်း ရုရှားတင့်ကား ၁၂၅ စီးကိုသာ တိုက်ခိုက်နိုင်ခဲ့ပြီး တစ်ပတ်ကို တင့်ကား ၁၂ စီးသာ တိုက်ခိုက်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ တင့်ကားအစီးရေ ၁၅၀၀ ထုတ်လုပ်ခဲ့ကြောင်း ကြေညာခဲ့တဲ့အတွက် ယူကရိန်း စစ်ပွဲအတွင်း ဆုံးရှုံးသွားတဲ့တင့်ကားတွေကို အလျင်အမြန်ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။
Ref: Russia Can Build 100 Tanks a Month, Retains Capacity to Replace Losses: Intel
#PeopleMedia