• Follow Us on

Home တည်းခိုခန်းပိုင်ရှင်၏ သား တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

တည်းခိုခန်းပိုင်ရှင်၏ သား တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၉ လမ်းနှင့် လမ်း ၈၀ ထောင့် မန်းဧရာဝတီဧည့်ရိပ်မွန် တည်းခိုခန်းတစ်ခုတွင် စိတ်ဝေဒနာ ခံစားနေရသည့် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သိရသည်။

 

သြဂုတ်လ ၂၁ ရက် ည ၈ နာရီအချိန်တွင် ၂၉ လမ်းနှင့် လမ်း ၈၀ ထောင့် မန်းဧရာဝတီဧည့်ရိပ်မွန် တည်းခိုခန်း (၆) ထပ်တိုက်ရှိ ပထမထပ်ပေါ်မှ အမျိုးသားတစ်ဦး လမ်းမပေါ်သို့ ပြုတ်ကျကြောင်း ဒေသခံလူမှုကူညီရေး အသင်းသို့ ဖုန်းဆက်အကူအညီတောင်းသောကြောင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

 

“ပထမထပ်ပေါ်ကနေပြုတ်ကျတာ။ သူကစိတ်ဝေဒနာခံစားနေရတဲ့သူလို့ သိရတယ်။ လက်မှတ်လည်းရှိတယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးမှပြောပါတယ်။

 

ထိုသေဆုံးသည့် အမျိုးသားမှာ တည်းခိုခန်းတိုက်ပိုင်ရှင်၏ သားဖြစ်ကြောင်း၊ တိုက်ပေါ်မှပြုတ်ကျ သေဆုံးမှု ကြောင့် နှုတ်ခမ်း ဘယ်/ညာ ညိုမဲဒဏ်ရာ၊ ဝမ်း ဗိုက်ပေါက်၊ အူထွက်၊ ဘယ်/ညာ ခြေကျင်းဝတ် ကျိုးပဲ့ဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်းသိရသည်။

 

ထို့ပြင် ရုပ်အလောင်းကို ပရဟိတဓါရီလူမှုကူညီရေး အသင်းယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သ့ို ပ့ိုဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post