တတိယအကြိမ်အခမဲ့သီတဂူစက္ခုဒါနအလှူတော်မှ ၂ ရက်ပေါင်း လူနာ ၇၉၃ ဦးအား စမ်းသပ်စစ်ဆေးပြီး (၁၃၅) ဦးကို ခွဲစိပ်ကုသအလင်းအလှူပြု
PUBLISHED - November 9, 2023
နေပြည်တော်၊ နိုဝင်ဘာ ၉
တတိယအကြိမ်အခမဲ့သီတဂူစက္ခုဒါနအလှူတော်မှ ၂ ရက်ပေါင်း လူနာ ၇၉၃ ဦးအား စမ်းသပ်စစ်ဆေးပြီး၊ လူနာ ၁၃၅ ဦးကို ခွဲစိပ်ကုသအလင်းအလှူပြုလုပ်ခဲ့ကြောင်း သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်) မှ သိရသည်။
အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး ကိုယ်တိုင်ဦး ဆောင်၍ နိုဝင်ဘာလ ၇ ရက်နေ့(ပထမနေ့)တွင် မျက်စိလူနာ ၃၂၀ ဦးအား စမ်းသပ်ပေးပြီး၊ လူနာ ၃၉ ဦးအား ခွဲစိပ်ကုသပေးခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်တွင် မျက်စိဝေဒနာရှင် ၄၇၃ ယောက်စမ်းသပ်စစ်ဆေးခဲ့ပြီး ယင်း ထဲမှ ခွဲစိပ်လူနာ ၉၆ ဦးကို ခွဲစိပ်ကုသအလင်းအလှူပြုလုပ်ခဲ့ကြောင်း သိရသည်။
စက္ခုဒါနအလှူတော်သည် နိုဝင်ဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း သီတဂူဆေးရုံတော်ကြီးတွင် စမ်းသပ်ပေးခြင်း ခွဲစိပ်ကုသပေးခြင်း များ ပြုလုပ်ပေးနေကြောင်း သိရသည်။
#PeopleMedia