• Follow Us on

Home တတိယအကြိမ် အခမဲ့သီတဂူစက္ခုဒါနအလှူတော်တွင် ဝေဒနာရှင် ၅၂၃ ဦးအား ခွဲစိပ်ကုသအလင်းအလှူ ပြုလုပ်ခဲ့

တတိယအကြိမ် အခမဲ့သီတဂူစက္ခုဒါနအလှူတော်တွင် ဝေဒနာရှင် ၅၂၃ ဦးအား ခွဲစိပ်ကုသအလင်းအလှူ ပြုလုပ်ခဲ့

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

တတိယအကြိမ် အခမဲ့သီတဂူ စက္ခုဒါနအလှူတော်ကို သီတဂူစက္ခုဒါဆေးရုံ(ရန်ကုန်)၌ နိုဝင်ဘာလ ၇ ရက်နေ့ မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အခမဲ့ စမ်းသပ်ခွဲစိပ်ကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သီတဂူမျက်စိအထူးကုအဖွဲ့သည် (၆) ရက်အတွင်း ပြင်ပဝေဒနာရှင် ၁၅၀၃ ဦး၊ လေဆာပစ် ကုသရသည့် မျက်စီဝေဒနာရှင် ၁၅ ဦးနှင့် ခွဲစိပ်ဝေဒနာရှင် ၅၂၃ ဦးတို့အား အခမဲ့ ကြည့်ရှုစမ်းသပ် ခွဲစိပ်ကုသပေးခဲ့ကြောင်း သိရသည်။

 

ထိုစက္ခုဒါနအလှူတွင် မျက်စိဝေဒနာရှင်များအား ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်တို့မှ စေ တနာ့ဝန်ထမ်း ဆရာဝန်၊ ဆရာမများနှင့် သူနာပြုဆရာ၊ ဆရာမများမှ စေတနာဖြင့် ကုသပေးခဲ့ကြကြောင်း သိရသည်။

 

သီတဂူစက္ခုဒါဆေးရုံ(ရန်ကုန်)၌ စက္ခုဒါန ပထမ၊ ဒုတိယ၊ တတိယအကြိမ် (၃ ကြိမ်ပေါင်း) ပြင်ပဝေဒနာရှင် ၄၁၆၂ဦး၊ လေဆာပစ် ကုသရသည့် မျက်စိဝေဒနာရှင် ၈၅ ဦးနှင့် ခွဲစိပ်ဝေဒနာရှင် ၁၀၆၉ ဦးတို့အား မျက်စိ အလင်းပေးနိုင်ခဲ့ကြောင်း သီတဂူစက္ခုဒါဆေးရုံ(ရန်ကုန်)မှ သိရသည်။

 

#PeopleMedia


Share this post