တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်

PUBLISHED - August 16, 2023
နေပြည်တော်၊ သြဂုတ် ၁၆
မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၅ / ၂ဝ၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်ကျော် ၁၄ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ကြည်း ၂၇၁၂၀ ဗိုလ်မှူး ကြီး သိန်းလင်းအစား ကြည်း ၃၁၃၇၅ ဗိုလ်မှူးကြီး မင်းမင်းလတ်အား အစားထိုးခန့်အပ်တာဝန်ပေးလိုက် ကြောင်း သိရသည်။
#PeopleMedia