• Follow Us on

Home တနင်္သာရီမြို့နယ်တွင် အပြစ်မဲ့ ပြည်သူနှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

တနင်္သာရီမြို့နယ်တွင် အပြစ်မဲ့ ပြည်သူနှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Share this post

နေပြည်တော်၊ သြဂုတ် ၂၃

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံနွယ်ကျေးရွာနှင့် အရှေ့မော်တုန်းကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူနှစ်ဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၁ ရက် နံနက် (၆)နာရီ (၁၅)မိနစ်ခန့်က တနင်္သာရီမြို့နယ်၊ ထုံနွယ်ကျေးရွာတွင် နေထိုင်သည့် အခြေခံပညာ မူလတန်းကျောင်းမှ အထွေထွေလုပ်သားဖြစ်သူ ဒေါ်သိန်းရီ (၅၅) နှစ်သည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၃)ဦး ရောက်ရှိလာသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင် (၃)ဦးမှ ဒေါ်သိန်းရီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်သိန်းရီတွင် ကျည်ထိ မှန်ဒဏ်ရာ (၂) ချက်ရရှိကာ အခင်းဖြစ်သည့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ သြဂုတ်လ (၂၁)ရက် နံနက် (၁၁)နာရီခန့်က တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် နေ ထိုင်သည့် ဦးအောင်ကိုဝင်း (၄၂) နှစ်သည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့ဝင် (၅)ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအောင်ကိုဝင်းတွင် ကျည်ထိမှန်ဒဏ်ရာ (၃) ချက် ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post