တနင်္သာရီမြို့နယ်တွင် အငြိမ်းစား ကျောင်းဆရာမ တစ်ဦးကို စစ်သွေးကြွတွေက ပုဆိန်နဲ့ ခုတ်ပြီး သတ်ဖြတ်
PUBLISHED - October 10, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် အငြိမ်းစား ကျောင်းဆရာမ တစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပုဆိန်ဖြင့်ခုတ်ကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ (၈)ရက် ည(၈)နာရီ ဝန်းကျင်က တကူကျေးရွာတွင် နေထိုင်သည့် အသက် (၆၀)အရွယ် အငြိမ်းစား ကျောင်းဆရာမ ဒေါ်စီစီနွယ်၏ ရုပ်အလောင်းကို ၎င်း၏ နေအိမ်မှ ငါးမိနစ်ခန့် လမ်းလျှောက်သွား ရသည့် နေရာတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အငြိမ်းစား ဆရာမ ဒေါ်စီစီနွယ်၏ ရုပ်အလောင်းတွင် ဦးခေါင်းနှင့် မျက်နှာတွင် ပုဆိန်ဖြင့် အခုတ်ခံထား ရသည်ဟု ယူဆရသည့် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
သတ်ဖြတ်ခံရသည့် ဆရာမ ဒေါ်စီစီနွယ်သည် ၎င်း၏ သားဖြစ်သူနှင့်အတူ နေထိုင်ပြီး သားဖြစ်သူ အပြင်သို့ ရောက်ရှိနေချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ အခင်းဖြစ်ပွားသည့် တကူကျေးရွာသည် စစ်သွေးကြွများ စိုးမိုးထားသည့် နယ်မြေဖြစ်ကြောင်းနှင့် စစ်သွေးကြွများမှ လာရောက်သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
#PeopleMedia