တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာ၌ ယခင် သမ္မတ(ငြိမ်း) ဦးသိန်းစိန်အစိုးရလက်ထက်၌ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဦးမြတ်ကိုအား န-စ-က မှ ပြန်လည်ခန့်အပ်

PUBLISHED - August 2, 2021
ရန်ကုန်၊ သြဂုတ် ၂ (People Media)
တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာ၌ ယခင် သမ္မတ(ငြိမ်း) ဦးသိန်းစိန်အစိုးရလက်ထက်၌ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဦးမြတ်ကိုအား န-စ-က မှ ပြန်လည်ခန့်အပ်လိုက်ပါတယ်။
ဦးမြတ်ကိုသည် ယခင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်အစိုးရလက်ထက်၌ တနင်္သာရီတိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်လည်းဖြစ်ပါတယ်။
ဦးမြတ်ကိုသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါတယ်။
#PeopleMedia #Political #ဦးမြတ်ကို
(unicode)
……………………………………………………..