တနင်္သာရီတိုင်းဒေသကြီးအဖွဲ့ဝင် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း၏ နေအိမ်ပါဝင် အပါအဝင် လောင်းလုံမြို့နယ် NLD တိုင်းအမတ်တို့၏ နေအိမ် ချိပ်ပိတ်ခံရ

PUBLISHED - November 24, 2021
နေပြည်တော်၊ နိုဝင်ဘာ ၂၄ (People Media)
တနင်္သာရီတိုင်းဒေသကြီးအဖွဲ့ဝင် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်စန်း၏ နေ အိမ်အပါအဝင် လောင်းလုံမြို့နယ် NLD တိုင်းအမတ်တို့၏ နေအိမ် ချိပ်ပိတ်ခံရကြောင်း သိရပါတယ်။
ချိပ်ပိတ်ခံရသည့် နေအိမ်ပိုင်ရှင်များသည် လောင်းလုံမြို့နယ် တိုင်းအမတ်ဟောင်းနှစ်ဦးဖြစ်သည့် NLD ပါတီမှ ဦးဗိုလ်ထွေးနှင့် ဦးမြင့်စန်းတို့၏ နေအိမ်များဖြစ်ပါတယ်။
အဆိုပါ နေအိမ်၌ သက်ဆိုင်ရာက ဤအဆောက်အဦးနှင့် မြေနေရာသည် အကြမ်းအဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း မပြုရဟု အနီရောင်ဗီနိုင်းဖြင့် ချိတ်ဆွဲထားခဲ့ပါတယ်။
တိုင်းအမတ်ဟောင်းဦးမြင့်ထွေးသည် NLD အစိုးရလက်ထက်၌ တနင်္သာရီတိုင်းဒေသကြီးအဖွဲ့တွင် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Photo – ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#PeopleMedia #လောင်းလုံမြို့နယ်NLD
(unicode)
………………………………………………………………