
PUBLISHED - February 13, 2020
(Unicode)
တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွက်ကဲမှုအောက်ရှိ စစ်ရေယာဉ်အုပ်စုများ တပ်ဆင်သည့် လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်မည်
………………………………………………………
တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွက်ကဲမှုအောက်ရှိ တပ်၊ စခန်း၊ ရေယာဉ်စု စစ်ရေယာဉ်များတွင် တပ်ဆင် ထားရှိသော ဒသမ ၅၀ လက်မနှင့်အထက် အမြောက်များအား လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အုပ်ချုပ် ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
အဆိုပစ်ခတ်မှုကို ဖေဖော်ဝါရီ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့အတွင်း လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ကော့ သောင်းမြို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။
စမ်းသပ်လေ့ကျင့်မည့် ရေမိုင်ဧရိယာအတွင်း လူစီးရေယာဉ်၊ ကုန်တင်ရေယာဉ်၊ ငါးဖမ်းရေယာဉ်များအပါအဝင် အခြားရေယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေးစာ၌ ဖော်ပြထားသည်။
#PeopleMedia