တနိုင်းမြို့နယ်ရှိ လူငယ်များအား ဖမ်းဆီးခြင်းမပြုလုပ်ရန် ရပ်မိရပ်ဖများ၏ တောင်းဆိုမှုကို KIA လက်မခံ
PUBLISHED - June 13, 2024
မြစ်ကြီးနား၊ ဇွန် ၁၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ လူငယ်များအား ဖမ်းဆီးခြင်းမပြုလုပ်ရန် ရပ်မိရပ်ဖများ၏ တောင်းဆိုမှုကို KIA အဖွဲ့မှ လက်မခံခဲ့ကြောင်း ရပ်မိရပ်ဖများက ပြောသည်။
တနိုင်းမြို့နယ်ရှိ ကျေးရွာများတွင် တစ်နေ့ထက်တစ်နေ့ KIA အဖွဲ့များ၏ ဖမ်းဆီးမှုများ များပြားလာပြီး ကျေးရွာနေ လူငယ်လူလတ်ပိုင်းများမှာ မိမိအိမ်၊ မိမိဒေသဖြစ်သော်လည်း စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်ရခြင်း၊ ရပ်ဝေးနယ်ခြားသို့ နှစ်ရှည်ကြာ ဒုက္မများစွာဖြင့် တိမ်းရှောင်နေထိုင်ရခြင်းတို့ ရှိသည့်အတွက် တနိုင်းမြို့ရှိ ရပ်မိရပ်ဖများမှ ဖမ်းဆီးခြောက်လန့်မှုများအား မပြုလုပ်ရန် ပြီးခဲ့သည့် မေလပိုင်းတွင် စာတင်ပို့ခဲ့ သော် ငြင်းဆိုကန့်ကွက်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးထံမှ သိရသည်။
“ပြီးခဲ့တဲ့ မေလတုန်းက ရပ်မိရပ်ဖတွေ အစည်းအဝေးလုပ်ပြီး စာတင်ပို့ခဲ့ကြပေမယ့် ဖမ်းဆီးတာကိုတော့ ဆက်လုပ်မှရမယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်။ သူတို့ဘက်ကို ဘယ်သူမှ ကိုယ်တိုင်လာပြီး ဝင်ရောက်တဲ့ သူတွေမရှိတဲ့အတွက် ဖမ်းဆီးမှပဲ တပ်သားတွေရမယ်ဆိုပြီး ပြန်ပြောခဲ့တာပါ။ ကျွန်တော်တို့ ဝောာင်းဆိုတာက မိသားစုကို လုပ်ကျွေးနေတဲ့ကလေးတွေ၊ ပညာသင်ယူနေဆဲဖြစ်တဲ့ ကလေးတွေကို မဖမ်းဆီးဖို့ တောင်းဆိုခဲ့ တာပါ။ ဒါပေမယ့် တောင်းဆိုတဲ့အတိုင်း ဖြစ်မလာတော့ လူငယ်တွေအနာဂတ်က ပျောက်ကုန်သလို ဖြစ်နေပြီ” ဟု ၎င်းမှဆိုသည်။
ပြီးခဲ့သည့် မေလအစောပိုင်းတွင်လည်း KIA အဖွဲ့မှ မုန်ကျေးရွာရှိ လူငယ်လူလတ်ပိုင်း အယောက် (၂၀) နီးပါး အား နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသည့် နေအိမ်မိသားစုအတွင်း မိဘအားပြုစုမည့်သူ မရှိခြင်း၊ လယ်ယာလုပ်ငန်း လုပ်ကိုင်သူမရှိခြင်းတို့ ကြုံတွေ့ခဲ့ရ ကြောင်း သိရသည်။
KIA အဖွဲ့မှ ၂၀၂၃ ခုနှစ်တွင် တနိုင်း-ရှင်ဗေယန်သွား လမ်းပိုင်းရှိ လဂျားဘွန် ကျေးရွာတွင် ဂိတ်ထိုင်ခြင်း မရှိခဲ့ သော်လည်း ယခုနှစ်တွင် ကျေးရွာအတွင်းရှိ လီဒိုလမ်းမကြီး၌ ဂိတ်ထိုင်စောင့်ကာ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်း၊ ရပ်ကွက်နေအိမ်များရှိ၊ လူငယ်များ၊ ကလေးအဖေများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ပိုပြီးပြုလုပ်လာခဲ့ကြောင်း သိရသည်။
အလင်း
#PeopleMedia