• Follow Us on

Home တနိုင်းမြို့၌ စိတ်မနှံ့သူ အမျိုးသားတစ်ဦးမှ ကားတစ်စီးအတွင်း မီးလှုံခဲ့ရာ ကားမီးလောင်မှုဖြစ်ပွား

တနိုင်းမြို့၌ စိတ်မနှံ့သူ အမျိုးသားတစ်ဦးမှ ကားတစ်စီးအတွင်း မီးလှုံခဲ့ရာ ကားမီးလောင်မှုဖြစ်ပွား

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀

 

ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်က ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဆင်မ်ဆာ့ရပ်ကွက်၌ စိတ်မနှံ့သူအမျိုးသားတစ်ဦးမှ ကားတစ်စီးအတွင်း မီးလှုံခဲ့ရာ ကားမီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဆင်မ်ဆာ့ရပ်ကွက်နေ ကားပိုင်ရှင်မှာ မိမိအိမ်ရှေ့လမ်းတစ်ဖက်တွင် (PROBOX) ကားကို ရပ်ထား ခဲ့ရာ ည ၁၀ နာရီအချိန်ခန့်က စိတ်မနှံ့သူ အမျိုးသားတစ်ဦးမှ ၎င်းကားအတွင်း ဝင်အိပ်ခဲ့ကာ ချမ်းသည်ဆိုပြီး ကားအတွင်း မီးမွှေးခဲ့သည့်အတွက် ကားတစ်စီးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ဖြစ်တာက ည ၁၀ နာရီလောက်မှာ ဖြစ်တာပါ။ ကားပိုင်ရှင်က သူ့အိမ်ရှေ့မှာရှိတဲ့လမ်းဟိုဖက်ကို ကားရပ်ထား တာ။ စိတ်မနှံ့တဲ့သူက ကားထဲဝင်အိပ်ပြီးတော့ ချမ်းတယ်ဆိုပြီး ကားအထဲမှာ မီးမွှေးလိုက်တာ ကားတစ်စီးလုံး လောင်သွားတယ်။ လူကတော့ ဘာမှမဖြစ်ဘူး။ တနိုင်းမီးသတ်အဖွဲ့က မီးသွားငြိမ်းသတ်ခဲ့မှပဲ မီးငြိမ်းသွားတယ် ” ဟု ၎င်းကဆိုသည်။

 

အဆိုပါ ကားမီးလောင်မှု ဖြစ်ပွားခဲ့ချိန်တွင် တနိုင်းမီးသတ်အဖွဲ့မှ မီးငြိမ်းသတ်ခဲ့ပြီး၊ မီးလောင်မှုကြောင့် လူထိ ခိုက်ဒဏ်ရာမရရှိကြောင်း သိရကာ ကားမီးလောင်စေသည့်သူမှာ စိတ်မနှံ့သည့်အတွက် ဥပဒေအရ အရေးယူ ဆောင်ရွက်ထားမှုမရှိကြောင်း သိရသည်။

 

သံလွင်

 

#PeopleMedia


Share this post