တနိုင်းမြို့၏ အရှေ့တောင်ဘက်တွင် အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

PUBLISHED - October 14, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၄
တနိုင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်) တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၁ အချိန်က လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၃၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၆.၁၂) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၈၈)ဒီဂရီ၊ အနက် (၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.ဝ)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
#PeopleMedia