တနိုင်း၊ ဗန်းမော်၊ မြိတ်နှင့် ပြည်တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအားထောက်ခံပွဲပြုလုပ်
PUBLISHED - February 19, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယမန်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ မြို့ဦးကျောင်း ရှေ့နှင့် ဗန်းမော်မြို့၊ ပြည်သူ့အားကစား ကွင်း၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာ ခရုရုပ်ထု၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ကမ်းနားလမ်း၊ ခေတ္တရာညဈေးကွင်းပြင်၌ လည်း ကောင်း အသီးသီး ပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး၌ စုဝေး ကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက်ထောက်ခံကြသည်။
ထိုနောက် ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရနနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံ သားတိုင်းတွင် တာဝန် ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကိုပြည်တွင်း/ ပြည်ပအန္တရာယ်များက ကာ ကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် စသည့် ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါ သည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။
#PeopleMedia