တန့်ဆည်မြို့နယ် တိုက်ပွဲများတွင် PDF (၉) ဦး အသေရရှိ
PUBLISHED - June 10, 2024
နေပြည်တော်၊ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး PDF (၉)ဦး အသေရရှိခဲ့ကြောင်း သိရသည်။
မေလ (၂၇)ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တန့်ဆည်မြို့အရှေ့ခြမ်းရှိ ကျေးရွာများကို လုံခြုံရေး ဆောင်ရွက်ရာတွင် PDF အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး PDF ညောင်လေးပင်ရွာ၊ ရွှေတကျေးရွာ၊ တုတ္တလုပ်မြောက်ရွာ စသည့်ကျေးရွာများမှ PDF အဖွဲ့ဝင် (၄)ဦးကို အသေပစ်ခတ်နိုင်ခဲ့သည်။
ဇွန်လ (၆)ရက်နေ့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့ အရှေ့မြောက်ခြမ်းကို နယ်မြေ ရှင်းလင်းရာ PDF အဖွဲ့ဝင်များနှင့် တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ပြီး အိုးသည်ကုန်းကျေးရွာမှ PDF အဖွဲ့ဝင် (၁)ဦးကို အသေပစ်ခတ်နိုင်ခဲ့သည်။
ယင်းနောက် ဇွန်လ (၇)ရက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့ အနောက်ခြမ်းရှိ ဝါးရငယ်၊ ခနုဆည်၊ ရွာသစ်ရွာ စသည့်ကျေးရွာများကို လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် PDF အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး PDF အဖွဲ့ဝင် (၂)ဦး ကို အသေပစ်ခတ်နိုင်ခဲ့သည်။
၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်တခါးကျေးရွာဘက်သို့ ထပ်မံနယ်မြေရှင်းလင်းရာတွင် ရွှေဘို PDF အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး PDF အဖွဲ့ဝင် (၂)ဦးကို အသေပစ်ခတ်နိုင်ခဲ့သည်။
#PeopleMedia