တန့်ဆည်မြို့၌ မြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌ ခေါင်းဖြတ်အသတ်ခံရ

PUBLISHED - August 28, 2021
မန္တလေး၊ သြဂုတ် ၂၈ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ သမဝါယမအသင်းဥက္ကဋ္ဌဖြစ်သူသည် ယနေ့ နံနက်ပိုင်းက ခေါင်းဖြတ် အသတ်ခံရကြောင်း ဒေသခံအချို့က ပြောဆိုပါတယ်။
သမဝါယမအသင်းဥက္ကဋ္ဌဖြစ်သူသည် ကြက်ဆူကန်ကျေးရွာ၌ နေထိုင်ပြီး အဆိုပါကျေးရွာအနီးရှိ သုဿန်၌ ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူသည် ရပ်ရေးရွာရေးဆောင်ရွက်သူဖြစ်ပြီး လူချစ်လူခင်များသူဖြစ်ကြောင်း ဒေသခံအချို့၏ ပြော ဆိုချက်အရ သိရပါတယ်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်း၌ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော် ထောက်ခံသူများသည် နေစဉ်လုပ်ကြံသတ်ဖြတ်ခြင်း ခံရလျက်ရှိနေပါတယ်။
#PeopleMedia #တန့်ဆည်မြို့
(unicode)
…………………………………………………..
မန်တလေး၊ သွဂုတျ ၂၈ (People Media)