တန့်ဆည်မြို့(မြို့ဟောင်း)ဖလံချိုင်ကျေးရွာ၌ အသက် (၆၀) အရွယ်ရှိ အမျိုးသမီးအပါအဝင် သားအမိ ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရ

PUBLISHED - February 4, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄ (People Media)
ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့(မြို့ဟောင်း)နှင့် ၁ မိုင်ခန့် အကွာရှိ ဖလံချိုင်ကျေးရွာ၌ နေထိုင်သည့် အသက် (၆၀) အရွယ်ရှိ အမျိုးသမီးအပါအဝင် သားအမိ ၃ ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခန့်က တန့်ဆည်မြို့မြို့ဟောင်းနှင့် (၁) မိုင်ခန့်အကွာရှိ ဖလံချိုင်ကျေး ရွာ၌ အသက်(၆၀)အရွယ်ရှိ အမျိုးသမီးအပါအဝင် ၎င်း၏ သားသမီးများဖြစ်ကြသော အသက် (၃၅)၊ အသက် (၃၀)အရွယ်ရှိ သားသမီးနှစ်ဦး လုပ်ကြံခံခဲ့ရသည်။
“ဒီမှာက အကြောက်တရား ရိုက်သွင်းနေကြတာ။ အခုအသတ်ခံရတဲ့သူတွေက တောင်သူတွေပါ။ တူမီးအဖွဲ့က လုပ်ကြံသွားတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဖလံချိုင်ကျေးရွာသည် အိမ်ခြေပေါင်း ၃၀၀ ကျော်နေထိုင်ပြီး တောင်ယာလုပ်ငန်းနှင့် ဝန်ထမ်းများစွာရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia #တန့်ဆည်မြို့
(unicode)
……………………………………………………………
Photo – Credit