တန့်ဆည်မြို့ အ-ထ-က (၂) ကျောင်း ဗုံးပေါက်ကွဲမှုကို ထွက်ကြည့်ခဲ့သည့်အမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခံရ
PUBLISHED - November 5, 2021
မုံရွာ၊ နိုဝင်ဘာ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ အ-ထ-က(၂)ကျောင်း၌ ဗုံးပေါက်ကွဲမှုကို နေအိမ်မှ ထွက်ကြည့်ခဲ့သည့် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်စဉ် ယနေ့ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့ ပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက တန့်ဆည်မြို့ အ-ထ-က(၂) ကျောင်းကို အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ကျောင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းပြီးနောက် ဗုံးကွဲမှုကို ကျောင်းအနီး၌ နေထိုင်သည့် အမျိုးသမီးက နေအိမ်မှ လမ်းမဘက်သို့ ထွက်ကြည့်စဉ် သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်သွားတာ လည်း ဖြစ်ပါတယ်။
“အမျိုးသမီးက ဗုံးပေါက်ကွဲသံကြားလို့ နေအိမ်ကနေ လမ်းမကို ထွက်ကြည့်တာ။ အဲ့ဒါကို သေနတ်သမားက ပစ်သတ်သွားတာ သေဆုံးသွားတယ်လို့” ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး န-မ-ခမှ နယ်မြေရှင်းလည်းရေး ဆောင်ရွက်နေသော်လည်း မကြာခဏ အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်း များ၊ သတင်းပေးဟု စွပ်စွဲခံရသူများ၊ ဆရာတော်အချို့ သတ်ဖြတ်ခြင်းခံနေရဆဲ ဖြစ်ပါတယ်။
န-စ-ကသည် အခြေခံကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့သည့်နောက်ပိုင်း၌ စာသင် ကျောင်းများ၌ အကြမ်းဖက်သမားများသည် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ပြုလုပ်လျက်ရှိနေပါတယ်။
Photo – credit
#PeopleMedia #တန့်ဆည်
(unicode)
……………………………………………………
Photo – credit