တန်ပြန်ဒရုန်းနည်းပညာနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို ထိုင်းနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပေါင်းစပ်ထည့် သွင်းသွားမည်
PUBLISHED - January 24, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
တန်ပြန်ဒရုန်းစစ်ဆင်ရေး နည်းပညာနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို အခုနှစ်ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုတွေ အစီအစဉ်တွေမှာ ပေါင်းစပ်ထည့်သွင်းထားမှာဖြစ်ကြောင်း အင်္ဂါနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) က ကျင်းပခဲ့တဲ့ တော်ဝင်ထိုင်းတပ်မတော်နဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ ပူးတွဲအစည်းအဝေးတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်းဝစ်နန်းပက်ဒီး သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ အဲဒီအစည်းအဝေးကို ထိုင်းတပ်မတော်ထိပ်တန်းအရာရှိကြီးတွေနဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတက် ရောက်ခဲ့ပါတယ်။
၂၀၂၇ ခုနှစ်မတိုင်ခင်အထိ ထိုင်းတပ်မတော်နဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ထပ်မံမြှင့်တင်ဖို့အတွက် အဲဒီအ စည်းအဝေးမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲကတင်ပြဆွေးနွေးခဲ့ပါတယ်။
ထိုင်းတပ်မတော်အတွက် တန်ပြန်ဒရုန်းနည်းပညာနဲ့ ထောက်လှမ်းရေးသတင်းစုစည်းရာမှာ သင်တန်းတွေကို ထည့်သွင်းပေါင်းစပ်ဖို့ အလွန်အရေးကြီးကြောင်း ဗိုလ်ချုပ်ကြီးဆောင်းဝစ်က အဲဒီအစည်းအဝေးမှာပြောပါတယ်။
အရပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေပါဝင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလပ်မယ့် ပူးတွဲစစ် ရေးလေ့ကျင့်မှုတစ်ခုမစတင်ခင်မှာ အခုအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုလေ့ကျင့်မှုပြီးရင် ဖေဖော်ဝါရီလထဲမှာ ၂၀၂၄ ခုနှစ် ရွှေမြွေဟောက်စစ်ဆင်ရေး (Cobra Gold 2024) စစ် ရေးလေ့ကျင့်မှုကို အမှတ်တစ်ကြည်းတပ်စစ်တိုင်းဒေသကြီးနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ ကျင်းပသွားမှာဖြစ်ပါ တယ်။
၄၃ ကြိမ်မြောက် ရွှေမြွေဟောက်စစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုအပြီးမှာ ထိုင်းနိုင်ငံ အနောက်ပိုင်းနယ်မြေမှာ နောက်ထပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုအသစ်တစ်ခုကို ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။
ထိုင်းရေတပ်ဟာ ဆူရတ်ဌာနီပြည်နယ် ကော့ဖန်းငန်းခရိုင်မှာ ဧပြီ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ လူသားချင်း စာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအစီအစဉ်တွေကို လေ့ကျင့်သွားမှာဖြစ်ပါတယ်။
ထိုင်းရေတပ်ရဲ့ ဒုတိယအစီစဉ်စစ်ရေးလေ့ကျင့်မှုကို မေလ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ထိုင်းပင်လယ် ပြင်မှာဆောင်ရွက်သွားမှာဖြစ်ပြီး တတိယစစ်ရေးလေ့ကျင့်မှုကိုတော့ ထိုင်းပင်လယ်ကွေ့မှာ မေလ ၂၀ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
ထိုင်းလေတပ်ကတည်း Cobra Gold 2024 ၊ Cope Tiger 2024၊ Pitch Black 2024၊ Falcon Strike 2024 နဲ့ Sarex 2024 အပါအဝင် အဓိကစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကလည်း ရေလမ်းကြောင်းနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုနဲ့ မြို့ပြ နယ်မြေအကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ရဲတပ်ဖွဲ့ရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါ တယ်။
Ref: Drone warfare tops training agenda: Bangkok Post
#PeopleMedia