တန့်ဆည်မြို့နယ်၌ တရားမဝင်တင်ဆောင်လာသော နွား (၃၄) ကောင်အား ဖမ်းဆီးရမိ

PUBLISHED - February 5, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ တရားမဝင်တင်ဆောင်လာသော နွား(၃၄)ကောင် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄,၀၀၀,၀၀၀) ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တန့်ဆည်မြို့နယ်တွင် တရားမဝင် တင်ဆောင်လာသော နွား(၃၄)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၀၀,၀၀၀)အား တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်တွင် (လိုင်စင်မဲ့) HONDA FIT ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၅၀၀,၀၀၀) အား ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွန်းသစ်(ဗုံတို/တိုင်) (၃ ဒသမ ၁၆၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅,၀၀၀) သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၅၈၅,၀၀၀) ဖမ်း ဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia #တရားမဝင်ကုန်သွယ်မှု
(unicode)
……………………………………………………………..