တန့်ဆည်မြို့နယ်၌ အသက် ၇၇ နှစ်အရွယ်ရှှိ အငြိမ်းစားဆရာဝန်တစ်ဦး၏ နေအိမ် ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအပါအဝင် ဘဏ်ငွေစုစာအုပ်များ ယူဆောင်သွားခြင်းခံရ
PUBLISHED - January 13, 2022
စစ်ကိုင်း၊ ဇန်နဝါရီ ၁၃ (People Media)
ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းမဟာ မြိုင်ရပ်ကွက်နေ အသက် ၇၇ နှစ်အရွယ်ရှိ အငြိမ်းစားဆရာဝန်တစ်ဦး၏ နေအိမ်အတွင်းသို့ လက်နက်ကိုင် အမျိုးသား ၄ ဦးက ဝင်ရောက်ပြီး လက်နက်ပြခြိမ်းခြောက်၍ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ အပါအဝင် ဘဏ်ငွေစုစာအုပ်များ၊ လက်ကိုင်ဖုန်းများကို ယူဆောင်သွားခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် တန့်ဆည်မြို့၊ စစ်ကိုင်းမဟာမြိုင်ရပ်ကွက်နေ ဆရာ ဝန်အငြိမ်းစားဖြစ်သူ ဦးတင်ရွှေ(၇၇)နှစ်၏ နေအိမ်၌ သမီးဖြစ်သူ မစိုးစိုး(၄၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် သေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဖခင်ဖြစ်သူ ဒေါက်တာ တင်ရွှေ ရှိ/မရှိ မေးမြန်းကာ မစိုးစိုး ကိုင်ဆောင်ထားသည့် I-Phone 6 Plus ၁ လုံး၊ ငွေ ၅၀၀၀၀၀ ကျပ်၊ နေအိမ်အပေါ်ထပ်ရှိ ငွေ ၄၅၀၀၀၀ ကျပ်၊ ပလက်တီနမ် လက်စွပ် ၄ ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ ပ လက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ၃ ရောင်ခြယ် ဆွဲကြိုး ၁ ကုံး၊ သုံးရောင်ခြယ်လက်စွပ် ၁ ကွင်း(စုစုပေါင်းတန်ဖိုး ၆၃၁၀၀၀၀ ကျပ်ခန့်)၊ ဒေါက်တာတင်ရွှေအမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်၊ ဒေါ်ခင်ချိုသက်အမည်ဖြင့် ဘဏ်စာ အုပ် ၁ အုပ်၊ မေမြတ်ကျော်အမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်တို့အား သေနတ်ပြခြိမ်းခြောက် ယူဆောင်သွား သည်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ နေအိမ်အချို့ ဓါးပြတိုက်ခံခဲ့ရသည့်ဖြစ်စဉ်များ ပေါ်ပေါက်နေသလို ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ငွေသယ်ယာဉ်များ တိုက်ပြတိုက်ခံရခြင်း ဖြစ်ပေါ်လျက်ရှိသည်။
ထို့အတူ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ငွေသယ်ယာဉ်များ တိုက်ပြတိုက်ခံရသည့်ဖြစ်စဉ်အပေါ် ကျူးလွန်သူများကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်သော်လည်း ဖြစ်စဉ်အချို့ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
Photo – credit
#PeopleMedia #တန့်ဆည်မြို့
(unicode)
…………………………………………………………..
Photo – credit