တပ္ခ်ဳပ္ႏွင့္ ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၃၀) မနက္ျဖန္ ေနျပည္ေတာ္ စစ္႐ုံး၌ ေတြ႕ဆုံမည္

PUBLISHED - August 14, 2020
ရန္ကုန္၊ ၾသဂုတ္ – ၁၃
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျပည္ခုိင္ၿဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၃၀) သည္ ၾသဂုတ္လ (၁၄) ရက္ ေန႔လည္ (၁) နာရီ အခ်ိန္၌ ေနျပည္ေတာ္ရွိ စစ္႐ုံး၌ ေတြ႕ဆုံရန္ရွိေၾကာင္း ႏုိင္ငံေရးပါတီအခ်ဳိ႕က People Media သုိ႔ အတည္ျပဳေျပာဆုိသည္။
“ႏုိင္ငံေရးပါတီေတြက ေတြ႕ခြင့္ေတာင္းဆုိလုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေတြ႕တာပါ” ဟု ေတြ႕ဆုံပြဲ တက္ေရာက္မည့္ ႏုိင္ငံေရးပါတီ ေခါင္းေဆာင္တစ္ဦးက ေျပာသည္။
အလားတူ People Media က ထပ္မံအတည္ျပဳႏုိင္ရန္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ဥကၠ႒ ဦးသိန္းညႊန္႔ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။
“အခုေတာ့ ေနျပည္ေတာ္ေရာက္တယ္။ မနက္ျဖန္သတင္းထုတ္ျပန္မွ အေသးစိတ္သိရမယ္’’ဟု အမ်ိဳးသားဒီမို ကေရစီပါတီသစ္ဥကၠ႒ ဦးသိန္းၫြန္႔ကေျပာသည္။
(unicode)
တပ်ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၀) မနက်ဖြန် နေပြည်တော် စစ်ရုံး၌ တွေ့ဆုံမည်
…………………………………………………
ရန်ကုန်၊ ဩဂုတ် – ၁၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၀) သည် ဩဂုတ်လ (၁၄) ရက် နေ့လည် (၁) နာရီ အချိန်၌ နေပြည်တော်ရှိ စစ်ရုံး၌ တွေ့ဆုံရန်ရှိကြောင်း နိုင်ငံရေးပါတီအချို့က People Media သို့ အတည်ပြုပြောဆိုသည်။
“နိုင်ငံရေးပါတီတွေက တွေ့ခွင့်တောင်းဆိုလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တွေ့တာပါ” ဟု တွေ့ဆုံပွဲ တက်ရောက်မည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အလားတူ People Media က ထပ်မံအတည်ပြုနိုင်ရန် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွှန့်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။
“အခုတော့ နေပြည်တော်ရောက်တယ်။ မနက်ဖြန်သတင်းထုတ်ပြန်မှ အသေးစိတ်သိရမယ်’’ဟု အမျိုးသားဒီမို ကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။