တပ်ဖွဲ့ဝင်များမရှိသည့် BGF ကင်းစခန်းကို KNLA/PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း BGF ပြောဆို

PUBLISHED - January 17, 2022
ကရင်၊ ဇန်နဝါရီ ၁၇ (People Media)
ဇန်နဝါရီ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲပလိရွာရှှိ BGF ကင်းစခန်းကို KNLA/PDF ပူးပေါင်း အဖွဲ့မှ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း BGF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ BGF ကင်းစခန်းကို KNLA/PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားခြင်းမှာ မှန်ကန်သော် လည်း စခန်းသည် တပ်ဖွဲ့ဝင်များမရှိသည့် စခန်းဖြစ်ကြောင်း BGF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ခိုက်ခံရတယ်လို့တော့ လိုင်းပေါ်မှာ တက်လာတာကတော့ တွေ့တယ်။ အဲ့ဒီစခန်းက လုံခြုံရေးအခြေ အနေကြောင့် ဆုတ်ခွာထားတဲ့ ကင်းစခန်းတစ်ခုပါ တိုက်ခိုက်ခံရတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ BGF တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းခံရတယ်ဆိုတာကလည်း သတင်းအမှားပဲဖြစ်ပါတယ်။” BGF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့များနှင့် KNU လက်အောက်ခံ အဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ သည်။
Photos- Supplied
#PeopleMedia #ဖာပွန်မြို့နယ်
(unicode)
………………………………………………………
Photos- Supplied