တပ်မတော်ကို ပြင်းထန်စွာဝေဖန်ခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပြန်လည်လွတ်မြောက်
PUBLISHED - August 2, 2021
ရန်ကုန်၊ သြဂုတ် ၂ (People Media)
မြန်မာတပ်မတော်ကို ဝေဖန်ပြောဆိုခဲ့မှုကြောင့် ထောင် ၆ လ ချမှတ်ခံထားရသည့် မြဝတီမင်းကြီးကျောင်း တိုက်ဆရာတော် အရှင်အရိယာဝံသ ဘိဝံသသည် ယနေ့ မန္တလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း ၎င်း၏ နီးစပ်သူများထံမှ သိရပါတယ်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်သည် ၂၀၁၉ ခုနှစ် မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော်ကို ပြင်းထန်စွာဝေဖန်ခဲ့၍ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးမှ ဆရာတော်ကို အသရေ ဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းအပေါ် တရားရုံးက ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ယခုပြန် လည်လွတ်မြောက်လာခြင်းဖြစ်သည်။
Photo – credit
#PeopleMedia #political ##မြဝတီမင်းကြီးကျောင်းတိုက်
(unicode)
………………………………………………………
Photo – credit