• Follow Us on
Latest News

Home တပ်မတော်က နိုင်ငံတော်အာဏာကိုရယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူ လူဦးရေ ၂၀၀၀ နီးပါးရှိလာ

တပ်မတော်က နိုင်ငံတော်အာဏာကိုရယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူ လူဦးရေ ၂၀၀၀ နီးပါးရှိလာ

Share this post

ရန်ကုန်၊ မတ် ၁၀ (People Media)

 

နိုင်ငံတော်အာဏာကို တပ်မတော်က ရယူပြီးနောက်ပိုင်း၌ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရသူ(၁၉၃၉ )ဦး ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါ တယ်။

 

အဆိုပါဖမ်းဆီးထိန်းသိမ်းခံရသူ လူဦးရေ ၂၀၀၀ နီးပါးသည် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ရရှိထားသောစာရင်းများကို အခြေခံ၍ AAPP က ထုတ်ပြန်ခြင်းဖြစ်ပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စာရင်းများအရ လူဦးရေ ၁၉၃၉ ဦးအနက် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၂) ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ (၃၁၉) ဦးရှိပြီး လက်ရှိအချိန်အထိ (၁၆၂၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

လက်ရှိအချိန်အထိ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများတွင် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ လူဦးရေ ၆၀ ကျော်သေဆုံးမှုရှိခဲ့ကြောင်း AAPP က ဖော်ပြထားပါတယ်။

 

#PeopleMedia #AAPP

 

(unicode)

………………………………………………………..






#PeopleMedia #AAPP


Share this post