တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ဟောင်းမိသားစုပိုင် ဧရာရွှေဝါ ကုမ္ပဏီမှ မြေယာ သိမ်းဆည်းထားမှုကို ဖြေရှင်းပေးရန် ဒေသခံများ နိုင်ငံတော်အတိုင်ပင်ခံထံတောင်းဆို
PUBLISHED - April 2, 2019
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်ခရီးစဉ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံတစ်ဦးက အထက်ပါအတိုင်း တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေဧကများစွာကို ဧရာရွှေဝါကုမ္ပဏီမှ သိမ်းယူမှုရှိခဲ့ပြီး အဆိုပါ ကုမ္ပဏီကို ယခင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ဟောင်း မိသားစုမှ ပိုင်ဆိုင်ကြောင်း ဒေသခံများက ပြောဆိုလျှက်ရှိပါတယ်။