တပ္မေတာ္ပုိင္ MyTel ဆက္သြယ္ေရးကုမၸဏီႏွင့္ ပတ္သက္သည္ဟု ယူဆရေသာ အေကာင့္မ်ားကို Facebook ဖယ္႐ွား

PUBLISHED - February 13, 2020
ဆန္ဖရန္စစၥကို၊ ေဖေဖာ္ဝါရီ္ ၁၃
ႏိုင္ငံျခားနဲ႔ အစိုးရ၀င္စြက္ဖက္မႈေတြ႐ွိေနတယ္ဆိုၿပီး ျမန္မာႏိုင္ငံကို ပစ္မွတ္ထားလုပ္ေဆာင္ေနတဲ့ ျမန္မာနဲ႔ ဗီယက္နမ္ႏိုင္ငံက အေကာင့္ေတြကို Facebook က ဖယ္႐ွားလိုက္ပါတယ္။
အေကာင့္ ၁၃ ေကာင့္၊ ေပ့ဂ်္ ၁၀ ခု တို႔ကိုပိတ္သိမ္းခဲ့တာပါ။ ပိတ္သိမ္းခံထားရတဲ့ ေပ့ဂ်္ေတြထဲကတစ္ခုမွာ Follower ၂၆၅၀၀၀ ႐ွိၿပီး ျမန္မာႏိုင္ငံက မိုဘိုင္းဆက္သြယ္ေရးေအာ္ပေရတာေတြရဲ႕ ၀န္ေဆာင္မႈေတြကို ေ၀ဖန္ေနတဲ့ေပ့ဂ်္ျဖစ္ေနပါတယ္။
အဲဒီေပ့ဂ်္ေတြရဲ႕ေနာက္ကြယ္မွာ ျမန္မာႏိုင္ငံက ဆက္သြယ္ေရးေအာ္ပေရတာ MyTel၊ ဗီယက္နမ္ႏိုင္ငံက ဆက္သြယ္ေရးေအာ္ပေရတာ Viettel နဲ႔ ဗီယက္နမ္ျပည္သူ႔ဆက္ဆံေရးလုပ္ငန္း Gapit Communications တို႔႐ွိေနတယ္လို႔ စံုစမ္းေတြ႕႐ွိတယ္ဆိုၿပီး Facebook က ထုတ္ျပန္ပါတယ္။
အခုလိုပိတ္သိမ္းရတာေတြဟာ လူေတြကို လိမ္လည္လွည့္ျဖားရာမွာ သူတို႔၀န္ေဆာင္မႈေတြကို အသံုးမျပဳေစ ခ်င္လို႔ဆိုၿပီး Facebook က ေျပာပါတယ္။ ၂၀၁၉ ခုႏွစ္ထဲမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးေပ့ဂ်္ အပါအ၀င္ တပ္မေတာ္နဲ႔ ဆက္ႏြယ္ေနတဲ့အေကာင့္ေတြနဲ႔ အမ်ိဳးသားေရးလႈပ္႐ွားသူေတြ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ တခ်ိဳ႕ရဲ႕ေပ့ဂ်္ေတြကို Facebook က ပိတ္သိမ္းခဲ့ပါတယ္။
Photo – Reuters
#PeopleMedia #Facebook #Myanmar
(Unicode)
တပ်မတော်ပိုင် MyTel ဆက်သွယ်ရေးကုမ္ပဏီနှင့် ပတ်သက်သည်ဟု ယူဆရသော အကောင့်များကို Facebook ဖယ်ရှား
………………………………………………………
ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ် ၁၃
နိုင်ငံခြားနဲ့ အစိုးရဝင်စွက်ဖက်မှုတွေရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံက အကောင့်တွေကို Facebook က ဖယ်ရှားလိုက်ပါတယ်။
အကောင့် ၁၃ ကောင့်၊ ပေ့ဂ်ျ ၁၀ ခု တို့ကိုပိတ်သိမ်းခဲ့တာပါ။ ပိတ်သိမ်းခံထားရတဲ့ ပေ့ဂ်ျတွေထဲကတစ်ခုမှာ Follower ၂၆၅၀၀၀ ရှိပြီး မြန်မာနိုင်ငံက မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဝန်ဆောင်မှုတွေကို ဝေဖန်နေတဲ့ပေ့ဂ်ျဖြစ်နေပါတယ်။
အဲဒီပေ့ဂ်ျတွေရဲ့နောက်ကွယ်မှာ မြန်မာနိုင်ငံက ဆက်သွယ်ရေးအော်ပရေတာ MyTel၊ ဗီယက်နမ်နိုင်ငံက ဆက်သွယ်ရေးအော်ပရေတာ Viettel နဲ့ ဗီယက်နမ်ပြည်သူ့ဆက်ဆံရေးလုပ်ငန်း Gapit Communications တို့ရှိနေတယ်လို့ စုံစမ်းတွေ့ရှိတယ်ဆိုပြီး Facebook က ထုတ်ပြန်ပါတယ်။
အခုလိုပိတ်သိမ်းရတာတွေဟာ လူတွေကို လိမ်လည်လှည့်ဖြားရာမှာ သူတို့ဝန်ဆောင်မှုတွေကို အသုံးမပြုစေ ချင်လို့ဆိုပြီး Facebook က ပြောပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးပေ့ဂ်ျ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့အကောင့်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ရဲ့ပေ့ဂ်ျတွေကို Facebook က ပိတ်သိမ်းခဲ့ပါတယ်။
Photo – Reuters
#PeopleMedia #Facebook #Myanmar