တပ်မတော်မှထုတ်ပြန်ထားသည့် မဲသမာမှုဖြစ်နိုင်စေသည့်စာရင်းသည် ကရင်ပြည်နယ်၌ အများဆုံးဖြစ်နေ၍ UEC က ရှင်းလင်းပေးရန် တောင်းဆိုလိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

PUBLISHED - January 22, 2021
ကရင်၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်မှထုတ်ပြန်ထားသည့် မဲသမာမှုဖြစ်နိုင်စေသည့်စာရင်းသည် ကရင်ပြည်နယ်၌ အများဆုံးဖြစ်နေ၍ UEC က ရှင်းလင်းပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက တောင်းဆိုလိုက်သည်။
“တပ်မတော်က မဲစာရင်းလိုက်ပြီး စိစစ်နေတာမှာ ကရင်ပြည်နယ်က မဲမသမာမှုက အများဆုံးဆိုတော့ ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူတွေက ရှင်းရှင်းလင်းလင်းလေး သိချင်တာပေါ့။ အဲ့ဒါကြောင့် တာဝန်ရှိတဲ့ UEC အနေနဲ့ ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူတွေကို ချပြစေချင်တဲ့သဘောပါပဲ” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါ တီ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက People Media သို့ ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တပ်မတော်မှ ၂၁ ကြိမ်မြောက် စိစစ်တွေ့ရှိ ချက်များ ထုတ်ပြန်ရာတွင် ကရင်ပြည်နယ်ရှိ မြို့နယ်(၇)မြို့၌ မဲမသမာမှုကို ဖြစ်စေနိုင်သော မဲစာရင်းစုစုပေါင်း (၃၇၂၂၈၆) မဲရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၂၂ ရှိသည်။
သို့ဖြစ်၍ ဆန္ဒမဲပေးခဲ့ကြသော ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဖြစ်စဉ်အမှန်ကို ခိုင်လုံသော အထောက်အထားများဖြင့် သိရှိခွင့်ရရှိနိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများမှ ပွင်းလင်းမြင်သာစွာ ဖော်ပြရှင်းလင်းပေးရန် တင်ပြတောင်းဆိုကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ထုတ်ပြန်ထားသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်၌ ကရင်တိုင်းရင်းသားများ၏ ထောက်ခံမှုရရှိခဲ့သော် လည်း ၂၀၂၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် (၂၉) နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နေရာအားလုံးရူံးနိမ့်ခဲ့ သည်။
#PeopleMedia #ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
(unicode)
……………………………………………………