တပ်မတော်မှ ဖွဲ့စည်းပေးသောအစိုးရအဖွဲ့ကို YMBA ထောက်ခံကြောင်း ထုတ်ပြန်

PUBLISHED - February 2, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်မှ ဖွဲ့စည်းပေးလိုက်သော အစိုးရအဖွဲ့ကို ထောက်ခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာက လျာဏယုဝအသင်းကြီး (YMBA) မှ ယနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
“သီးခြားဖြေစရာ မရှိပါဘူး။ အဓိကကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အသင်းကြီးရဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ရဲ့ မူဝါဒအတိုင်း ထုတ်ပြန်ထားတာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) မှ တာဝန်ရှိသူတစ်ဦးက People Media သို့ပြောသည်။
ထိုသို့ ထုတ်ပြန်ရာတွင် YMBA သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် တပ်မတော်နှင့်အတူ တစ် သွေးတည်း၊ တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ပြီး၊ တပ်မတော်မှ ဖွဲ့စည်းပေးသော အစိုးရအဖွဲ့အား ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ဝန်ကြီးဌာနအသီးသီးအတွက် ပြည်ထောင်စုဝန်ကြီး (၁၁)ဦးကို ခန့်အပ်တာဝန် ပေးအပ်ခဲ့သည်။
#PeopleMedia #YMBA
(unicode)
………………………………………
#PeopleMedia #YMBA